ဆိုင်ကယ်နှင့်ကား တိုက်မိ

September 18, 2020

မိုင်းတုံမြို့နယ်၌  ဆိုင်ကယ်နှင့်ကား တိုက်မိပြီး  လူ ၂ ဦး သေဆုံး၊ ကလေးငယ် ၁ ဦးဒဏ်ရာရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ ဟွေပါဆတ်ကျေးရွာအနီး ဆိုင်ကယ်နဲ့ ကား တိုက်မိပြီး အမျိုးသား ၂ ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဟွေပါဆတ်ကျေးရွာအနီး နားကောင်းမူးရွာဘက်မှ မိုင်းတုံသို့ ဝက်ဒိုင်လုပ်သား ၂ ဦးနဲ့ ကလေးငယ်တစ်ဦးတို့ စီးနင်းလာတဲ့ဆိုင်ကယ်နဲ့ မိုင်းတုံမြို့မှ နားကောင်းမူးရွာဘက်သို့ စိုင်းအောင်မျိုးဦး မောင်းနှင်လာတဲ့ မော်တော်ယာဉ် မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။ ဆိုင်ကယ်မောင်းနှင်လာတဲ့ နားကောင်းမူးရွာသား  မိုးကြီး (အသက် ၃၉ နှစ်)  နဲ့ ကျော်အောင် (အသက် ၂၇နှစ်)တို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကလေးငယ် မောင်ပိုင်မိုးကျော် (အသက် ၆ နှစ်)ကတော့ ဝဲဖက်လက်မောင်းနဲ့ လက်ဖျံအရိုးကျိုးဒဏ်ရာရရှိခဲ့လို့ မိုင်းတုံပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။ ယာဉ်မဆင်မခြင်မောင်းနှင်ကာ လူနှစ်ဦးသေဆုံးစေခဲ့ပြီး ကလေးငယ်တစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တဲ့အတွက် စိုင်းအောင်မျိုးဦးကို မိုင်းတုံမြို့မရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၇ ၊ ၃၃၈၊ ၃၀၄ (က)တို့အရ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း- အောင်ဇေယျ
8 months Ago
Up