ဆိုင်ကယ်စီးသမား

October 14, 2021

ရေးမြို့နယ်က အပျော်တမ်း ဆိုင်ကယ်စီးသမား ၆ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ် ရေးမြို့နယ်က အာယုတောင်ကျေးရွာ ၃၄၃ တပ်အနီးရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှာ အပျော်တမ်းဆိုင်ကယ်စီးဝါသနာရှင်အဖွဲ့ဝင် ၆ ဦး  အောက်တိုဘာ ၁၃ ရက် ညနေ ၅ နာရီ လောက်က ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရေးမြို့နယ်ရဲ့ ကျေးလက်တောရွာတွေမှာ စီးနင်းသွားလာနေကြတဲ့ အသက် ၂၀ ကျော်အရွယ်တွေဖြစ်ပြီး ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ မသိရသေးဘူးလို့ မြို့ခံတစ်ဦး ပြောပါတယ်။

ဆိုင်ကယ်တွေကို အာယုတောင်အုပ်ချုပ်ရေးမှူးရုံးမှာ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ စစ်တပ်၊ ရဲ၊ အရပ်သားအုပ်ချုပ်ရေးအဖွဲ့တွေ မကြာခဏ ရေး PDF က ဗုံးခွဲတိုက်ခိုက်တာတွေ လက်နက်ငယ်နဲ့ ပစ်ခတ်ခံရတာတွေ ခံရလေ့ရှိတာကြောင့် အရင်ထက် လုံခြုံရေးတွေကို ပိုမိုတင်းကျပ်ထားပါတယ်။

အခုလို ဆိုင်ကယ်ဝါသနာရှင်သမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ပတ်သက်ပြီး အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ မိသားစုဝင်တွေအပါအဝင် ဒေသခံတွေက မျှော်လင့်နေပါတယ်။

1 year Ago
Up