ဆိုင်ကယ်စီးလာသည့်စုံတွဲ

A d v e r t i s e m e n t With Us

June 28, 2020

အောင်မြေသာစံမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့်စုံတွဲ သေနတ်ဖြင့် ပစ်ခံရ

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်းပေါ် ၇၈ လမ်းနဲ့ လမ်း ၈၀ ကြားမှာ ဆိုင်ကယ်စီးလာတဲ့ စုံတွဲ မနေ့ညပိုင်းက သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။  အသက် ၁၇ နှစ်အရွယ် မိုးဟိန်းကိုနဲ့ သူ့ရဲ့ကောင်မလေးဟာ မနေ့ ည ၈ နာရီလောက်က ၂၆ လမ်းအတိုင်း အရှေ့ကနေ အနောက်ကို ဆိုင်ကယ်မောင်းလာတာဖြစ်ပြီး မီးပွိုင့် ရပ်စောင့်နေတဲ့ အချိန်မှာ အမည်မသိအမျိုးသား ၂ ယောက် ကပ်လာပြီး သေနတ်နဲ့ ပစ်ခဲ့တာဖြစ်တယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။ လက်ရှိမှာ ပစ်ခတ်သူထဲက ၁ ယောက်ကို ဖမ်းဆီးရမိထားပြီး စစ်ဆေးနေတယ်လို့ အမှတ် (၂) ရဲစခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ သေနတ်နဲ့ ပစ်ခံရတဲ့ မိုးဟိန်းကိုမှာ ဝဲဘက်နံဘေး ပေါက်ထွက်ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးကို ပို့ထားတယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အမှတ် (၂) နယ်မြေစခန်းမှာ (ပ) ၁၁၆/၂၀၂၀ ၊ ပုဒ်မ ၃၀၇/၃၂၆ တို့နဲ့ အမှုဖွင့်ထားပါတယ်။
7 months Ago
Up