ဆိုင်ကယ်စီး

February 7, 2021

အာဏာရှင်စနစ်အလိုမရှိကြောင်း ဟင်္သာတတွင် ဆိုင်ကယ်စီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဟင်္သာတမြို့နယ်ရှိ အာဇာနည်ဗိမာန်အနီးမှာ ဆိုင်ကယ်အစီးရေထောင်ကျော်နဲ့ အနီရောင်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီနေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဟင်္သာတမြို့နယ် NLD ရုံးကစတင်ပြီး ကြွေးကြော်သံတွေနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

မြို့မရဲစခန်းရှေ့နဲ့ရုံးကြီးထောင့် မီးပွိုင့်နဲ့ ဦးရွှေဒွေးလမ်းတို့မှာ လုံခြုံရေးတွေက အရံအတားတွေနဲ့ ပိတ်ထားခဲ့ပြီး ပြည်သူတွေက တောင်းပန်တဲ့အတွက် ဦးရွှေဒွေးလမ်းက ပိတ်ဆို့ထားတာကို ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြသူတွေက ပြည်သူ့ရဲလို့ ကြွေးကြော်သံတွေနဲ့ ကြွေးကြော်ခဲ့ကြကာ မြို့နယ်ရုံးရှေ့ကို ပြန်ကြပြီးနောက် လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆိုင်ကယ်စီး အနီရောင်လှုပ်ရှားမှုကို ပြုလုပ်တာ ဒီနေ့နဲ့ ဆို နှစ်ရက်ဆက်ရှိပြီဖြစ်ပြီး မနက်ဖြန်လည်း မွန်းတည့် ၁၂ နာရီမှာ တကြိမ်နဲ့ မွန်းလွဲ ‌၁ နာရီမှာ တကြိမ် ပြုလုပ်ကြမယ်လို့ ဆန္ဒဖော်ထုတ်သူတွေက ပြောပါတယ်။

10 months Ago
Up