ဆိုင်​ကယ်​စီး လှုပ်​ရှားမှု

March 30, 2019

ငြိမ်းချမ်း​ရေးဆိုင်​ကယ်​စီး လှုပ်​ရှားမှုအဖွဲ့ တောင်ကြီးရောက်ရှိ

မိုင်​ ၁၅၀၀ ​ကျော်​ခရီးနဲ့ ငြိမ်းချမ်း​ရေး ဆိုင်​ကယ်​စီးကမ်​ပိန်း လှုပ်​ရှားမှုအဖွဲ့ဟာ လွိုင်​​ကော်​မြို့ကနေ တောင်ကြီးကို မတ်​လ ၂၉ ည​နေပိုင်းမှာ ​ရောက်​ရှိခဲ့ပါတယ်​။ နှစ်​လကြာရှည်​ ဖြစ်​ပွား​နေတဲ့ ပြည်​တွင်းစစ်​ကို ရပ်​တန့်​​စေဖို့၊ ငြိမ်းချမ်း​ရေးမှာ ပြည်​သူ​တွေ ပူး​ပေါင်းပါဝင်​လာ​စေဖို့ ရည်ရွယ်တယ်လို့ ရန်​ကုန်​အ​ရှေ့ပိုင်းတက္ကသိုလ်​ ကျောင်းသားသမဂ္ဂ ကိုမင်းသွေးသစ်က ပြောပါတယ်။ စစ်​ပွဲဖြစ်​ပွား​နေတဲ့ တိုင်းရင်းသား​ဒေသမှာ ရပ်​တန့်​​စေဖို့ တိုင်းရင်းသား​​တွေကို ကိုယ်​ချင်းစာတဲ့အ​နေနဲ့ ဒီလှုပ်​ရှားမှူကို ပြုလုပ်နေကြတာပါ။ ခရီးစဉ်​ဟာ ရန်​ကုန်​မြို့ကနေ စတင်​ထွက်​ခွာပြီး ​တောင်​ငူ၊ လွိုင်​​ကော်​၊ ​တောင်​ကြီး၊ လားရှိုး၊ သီ​ပေါကနေ ရန်​ကုန်​ကို ပြန်​ဆင်းသွားမှာ ဖြစ်​ပါတယ်​။ ကျောင်းသားသမဂ္ဂအဖွဲ့၊ နိုင်​ငံ​ရေး လှုပ်​ရှားသူများ၊ တသီပုဂ္ဂလများ စုစု​ပေါင်း ဆိုင်​ကယ်​ အစီး ၂၄ စီး၊ လူအင်​အား ၆၀ နဲ့ ပြုလုပ်​ခဲ့ပါတယ်​။
3 years Ago
Up