ဆိုင်ကလုန်းမုန်တိုင်းကြာင့် ဘင်္ဂလားဒေ့ရှ်တွင် လူသေဆုံး ဒဏ်ရာရ၊ လူ ၂ သန်းခန့် ရွှေ့ပြောင်း

May 21, 2016

ဆိုင်ကလုန်းမုန်တိုင်းကြာင့် ဘင်္ဂလားဒေ့ရှ်တွင် လူသေဆုံး ဒဏ်ရာရ၊ လူ ၂ သန်းခန့် ရွှေ့ပြောင်း

ရွန်နူ ဆိုက်ကလုန်းမုန်တိုင်း နီးကပ်လာတာနဲ့ အမျှ တိုက်ခတ်လာတဲ့ လေပြင်းတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေ ဘိုဟိုလာနဲ့ ပတ်တော့ဟာလီ ခရိုင်မှာ ဒီနေ့ လူ ၃ ဦးသေဆုံးခဲ့ပါတယ်။ ဘိုဟိုလာ ခရိုင် တန်ဂျန်မာဒင် ဥပါဇီလာမှာ  လူ ၂ ဦးသေဆုံးခဲ့ပြီး ပတ်တော့ဟာလီခရိုင်မှာ ၁ ဦးသေတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ရေးပါတယ်။ လေပြင်းကြောင့် သစ်ပင်တွေကျိုးကာ ရာချီတဲ့ အိမ်တွေ ပျက်စီးကုန်ပြီး လူ ၅၀ လောက် ဒဏ်ရာရသွားပါတယ်။ မေ ၂၁ ရက် မနက် ၆ နာရီမှာ ဆိုင်ကလုန်းဟာ ပတ်တော့ဟာလီက ပေရ ဆိပ်ကမ်းနဲ့ ၁၃၅ ကီလို အကွာမှာ ဗဟိုပြုတိုက်ခတ်နေရာကနေ နေ့လယ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ကုန်းတွင်းပိုင်းကို ၀င်ရောက်မှာ ဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသက လူ ၂ သန်းနီးပါးကိုလည်း ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
6 years Ago
Up