မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင် ၅/၆ နဲ့ ၇ အကြားမှာ ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့တဲ့အတွက် ၂ ဦးလုံး ပြင်းထန်ဒဏ်ရာရကြတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။
ကျောက်ပန်းတောင်းဘက်ကို မောင်းလာတဲ့ သီးကုန်းရွာက ဦးကံရှိန် မောင်းလာတဲ့ ဆိုင်ကယ်နဲ့ မိတ္ထီလာဘက်ကို မောင်းလာတဲ့ နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ကျော်ရာဇာထွဋ် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိကြတယ်လို့ ထပ်ပြောပါတယ်။
ဒုရဲအုပ်တင်မျိုးဆွေက “ဦးကံရှိန် ယာလက်ဖျံ၊ ဒူး၊ ခြေဖဝါး ပွန်းပဲ့ ပေါက်ပြဲတယ်။ ခြေသလုံးရိုး ကျိုးသွားတယ်။ ကျော်ရာဇာထွဋ်ကတော့ ယာပခုံး၊ လက်ခုံ၊ ခြေဖမိုး ပွန်းပဲ့ ပေါက်ပြဲတယ်။ မိတ္ထီလာဆေးရုံ ပို့လိုက်ရတယ်”လို့ ပြောပါတယ်။
မိတ္ထီလာမြို့မရဲစခန်းက ၂ ဦးလုံးကို ယာဉ်မဆင်မခြင် မောင်းလို့ သာမန် ပြင်းထန်ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုအမှတ် ယာဉ်(ပ)၄၃/၂၀၁၇ နဲ့ အမှုဖွင့်ထားပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
6 years Ago