ဆိုင်ကယ်​ဦးထုပ်​​ဆောင်း

August 27, 2018

ဆိုင်ကယ်​ဦးထုပ်​​ဆောင်း၍ ဆိုင်​ကယ်​စီးသည့်ကမ်​ပိန်း တောင်ကြီးမြို့တွင် ပြုလုပ်မည်

ယာဉ်​တိုက်​မှု ​လျှော့ချရေးနဲ့ ယာဉ်​စည်းကမ်း လိုက်​နာ​စေ​ရေးအတွက်​ ​တောင်​ကြီးမြို့မှာ ပထမဆုံးအကြိမ်​ ဆိုင်ကယ်​ဦးထုပ်​​ဆောင်းပြီး ဆိုင်​ကယ်​စီးတဲ့ ကမ်​ပိန်းကို သြဂုတ်​ ၂၉ ရက်​​နေ့မှာ ပြုလုပ်​ဖို့ ရှိနေပါတယ်။ ဆိုင်​​ကယ်​​ပေါင်း အစီး ၁ဝဝဝ နဲ့ ​တောင်​ကြီးမြို့ကိုပတ်​ပြီး လူထုဗဟိုပြုတဲ့ အကြီးစား ကမ်​ပိန်း ပြုလုပ်​မှာ ဖြစ်​ပါတယ်​။ ဆိုင်​ကယ်​စီး ဦးထုပ်​​ဆောင်း ပြုလုပ်​ခြင်းအပြင်​ ကား​မောင်း ခါးပတ်​ပတ်​ခြင်း၊ အရက်​မူးပြီး မ​မောင်းခြင်း စတဲ့ အသိပညာ​ပေး လက်​ကမ်းစာ​စောင်​​တွေလည်း​ ဝေငှသွားမှာ ဖြစ်​ပါတယ်​။ မိုးတွင်းကာလမှာ ယာဉ်​မ​တော်​တဆတိုက်​မှု အလွန်​များတဲ့အတွက်​ ပြည်​သူ​တွေ စည်းကမ်း လိုက်​နာဖို့ လုပ်​​ဆောင်​သွားမှာ ဖြစ်​ပါတယ်​။ မြန်​မာနိုင်​ငံ တနိုင်​ငံလုံးမှာ ဆိုင်​ကယ်​စီး ဦးထုပ်​​ဆောင်း စည်းကမ်းလိုက်​နာခြင်းမှာ ​တောင်​ကြီးမြို့က ပထမဆု ရထား​ပါတယ်​။ အခုကမ်းပိန်းကတော့ ဆိုင်​ကယ်​ဦးထုပ်​​ဆောင်းတဲ့မြို့ ဆုကို ထိန်းသိမ်းတဲ့အပြင်​ ပညာပေး ဇာတ်​လမ်းတို​တွေနဲ့လည်း အသိပညာပေးသွားမယ်​လို့ သိရပါတယ်​။  
5 years Ago
Up