ဆိုင်ကယ်နှစ်စီးမျက်နှာချင်ဆိုင်တိုက်

A d v e r t i s e m e n t With Us

August 31, 2016

ဆိုင်ကယ်နှစ်စီးမျက်နှာချင်ဆိုင်တိုက် ၁ ဦးသေဆုံး

အင်္ဂပူမြို့နယ် ဟသာင်္တ-ဆုံကုန်း-ကြံခင်း အဝေးလမ်းပေါ်ရှိ အင်္ဂပူ၊ ထန်းပင်ကုန်း ကြားမြင့်ရတာနာဆန်စက်ရှေ့မှာ ဆိုင်ကယ်နှစ်စီး တိုက်မှုဖြစ်ပွားလို့ ၁ ဦး သေဆုံးပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့ည နေ ၅ နာရီ ၄၅ မိနစ်လောက် ထန်းပင်ကုန်းဘက်ကနေ မာင်းနင်းလာတဲ့ ဟွန်ဒါအမျိုးစား ဆိုင်ကယ်နဲ့ အင်္ဂပူဘက်ကနေ မောင်းနင်းလာတဲ့ ဝေဆိုင်ကယ် အမျိုးအစားတို့ မျက်နှာချင်းဆိုင်တိုက်မိရာက ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူရဲ့ ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာသူ အမျိုးသမီးတဦးနဲ့ တဖက်ဆိုင်ကယ်မှ အမျိုးသားတဦးတို့ကို အင်္ဂပူဆေးရုံကို ပို့ဆောင်ထားပါတယ်။ အင်္ဂပူမြို့မစခန်းမှူးကတော့ ယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ ပြောပါတယ်။
5 years Ago
Up