ဆိုင်ကယ်များဖြင့် လှည့်လည်

A d v e r t i s e m e n t With Us

May 27, 2019

ဝါရှင်တန်ဒီစီတွင် Memorial Day အထိမ်းအမှတ် ဆိုင်ကယ်များဖြင့် လှည့်လည်

အမေရိကန်စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို အောက်မေ့ဂုဏ်ပြုတဲ့ Memorial Day အထိမ်းအမှတ်အဖြစ် မေလ ၂၆ ရက်နေ့မှာ Rolling Thunder အဖွဲ့က မော်တော်ဆိုင်ကယ်တွေဟာ ဝါရှင်တန်ဒီစီမြို့တလွှား စီတန်း လှည့်လည်ခဲ့ကြပါတယ်။ Rolling Thunder အဖွဲ့ဟာ ဒီနေ့အချိန်ထိ Memorial Day နေ့တိုင်း မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည် မောင်းနှင်ခဲ့ကြတာ နှစ်ပေါင်းသုံးဆယ်ကျော်ပါပြီ။ ဒါပေမယ့် ၂၀၁၉ ကတော့ နောက်ဆုံးနှစ်ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၇၃ နှစ်အရွယ် ဗီယက်နမ်စစ်ပြန် အာတီမူလာက စစ်မှုထမ်းဟောင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူအဖွဲ့ Rolling Thunder ကို ၁၉၈၇ ခုနှစ်မှာ စတည်ထောင်ခဲ့တာပါ။ မြောက်ဗီယက်နမ်ကို ဗုံးကြဲတဲ့ ၁၉၆၅ စစ်ဆင်ရေးရဲ့ နာမည် "Operation Rolling Thunder." ကို အစွဲပြုပြီး အဖွဲ့ရဲ့နာမည်ကို ဒီနာမည် ပေးခဲ့တာပါ။ အဲဒီအဖွဲ့ဟာ Memorial Day နေ့ရောက်တိုင်း ထောင်ချီတဲ့ မော်တော်ဆိုင်ကယ်တွေ စုဝေးကြပြီး စုရပ်ဖြစ်တဲ့ ပင်တဂွန်ကနေ National Mall အထိမ်းအမှတ် ကျောက်တိုင်အထိ မောင်းနှင်ကြတာပါ။ ဒါပေမယ့် အခမ်းအနားလုပ်ဖို့ ခွင့်ပြုချက်တောင်းခံတဲ့ ကုန်ကျစရိတ် မြင့်တက်လာတာနဲ့ အာဏာပိုင်တွေဘက်က ပူးပေါင်းမှု အားနည်းတာကြောင့် ၂၀၁၉ မေလ ဆိုင်ကယ်စီး လှည့်လည်တာက နောက်ဆုံးအကြိမ်လို့ Rolling Thunder အဖွဲ့က ပြီးခဲ့တဲ့နှစ်ကတည်းက ကြေညာခဲ့ပါတယ်။
2 years Ago
Up