အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ ဆိုင်ကယ်ကို ၀င်တိုက်ခဲ့တဲ့ ဘတ်စ်ကားတစီးကို ဒေါသထွက်နေတဲ့ လူအုပ်က မီးရှို့ခဲ့ပါတယ်။
သြဂုတ် ၁၈ ရက်က ဘတ်စ်ကားဟာ လမ်းပြောင်းပြန်မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ၀င်တိုက်ခဲ့ရာမှာ ဆိုင်ကယ်စီးနင်း သူ ၂ ဦး သေဆုံးသွားတဲ့အတွက် ဒေါသထွက်နေတဲ့ လူအုပ်က ဘတ်စ်ကားကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
ဆိုင်ကယ်စီးနင်းသူ ၂ ဦးက သားအဖဖြစ်ပြီး ဆေးရုံကို ပို့ဆောင်ရာမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
လူ ၂ ဦးသေဆုံးသွားခဲ့အပြီး ဒီနေရာကနေ ဘတ်စ်ကား ဒရိုင်ဘာက ထွက်ပြေးသွားခဲ့ပါတယ်။
ပန်ဂျပ်ပြည်နယ်မှာ ဘတ်စ်ကားနဲ့မော်တော်ဆိုင်ကယ်တို့ တိုက်မိတဲ့ ဖြစ်ရပ်ကြောင့် အရင်နှစ်က လူ ၆၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
5 years Ago