ဆိုင်ကယ်

June 29, 2019

ဆိုင်ကယ် ၂၉ စီးနှင့် ဖုန်း ၁၁ လုံး ခိုးယူသူနှစ်ဦးကို တောင်သာတွင် ဖမ်းမိ

ဆိုင်ကယ်မျိုးစုံ ၂၉ စီးနဲ့ ဖုန်း ၁၁ လုံး ခိုးယူ ရောင်းချထားသူ ၂ ဦးအား ဇွန်လ ၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်မှာ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ တောင်သာမြို့၊ အမှတ် ၆ ရပ်ကွက်နေ ဦးကျော်မြင့်ဦးရဲ့ K ဟိန်း(၁)၊ ဆိုင်ကယ်အရောင်းဆိုင်မှ ဇွန်လ ၁၁ ရက်နေ့က DAYANG 110 ဆိုင်ကယ်အသစ် ၂ စီး၊ ဒေါ်ကြည်ကြည်ပြုံးရဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နေအိမ်မှ ဇွန်လ ၁၃ ရက်နေ့က ဆိုင်ကယ် ၁ စီး၊ ဖုန်းမျိုးစုံ ၁၀ လုံး၊ ငွေ ၇၀၀၀ဝ ပျောက်ဆုံးမှုတို့ကို တောင်သာမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အမှုစစ်အဖွဲ့ဟာ အခင်းဖြစ်ရပ်ပတ်ဝန်းကျင်ရှိ CCTV မှတဆင့် စိစစ်ခဲ့ရာ ပြစ်မှုကျူးလွန် သူမှာ ပျဉ်းမနားမြို့၊ မြို့ဦးရပ်ကွက်နေ အောင်နိုင်ဦး (ခ)မိုးမိုး(ခ)မိုးအောင် ဖြစ်ကြောင်းနဲ့ တာင်သာမြို့ကို မကြာခဏလာရောက်လေ့ရှိကြောင်း သိရပြီး ဇွန် ၁၃ ရက်နေ့က ပျဉ်းမနားမြို့၊ မြို့ဦးရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ အတူပါဝင်တဲ့ လွှမ်းမိုးအောင်(ခ)လွှမ်းမိုးကိုလည်း  ဖမ်းဆီးရမိခဲ့ပါတယ်။ စစ်ဆေးချက်အရ ၂၀၁၉ ခုနှစ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ၊  တောင်သာ ရေမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ မလှိုင်၊ တောင်ကြီး၊ ကလော၊ ရွှေညောင် စတဲ့မြို့နယ်တွေကနေ စုစုပေါင်း ဆိုင်ကယ် ၂၉ စီး၊ ဖုန်း ၁၁ လုံးတို့အား ခိုးယူရောင်းချခဲ့တယ်လို့ သိရပါတယ်။ သက်သေခံ ပစ္စည်းတွေကို သိမ်းဆည်းပြီး ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်နိုင်ဖို့နဲ့ ဥပဒေနဲ့အညီ အသီးသီးအမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
3 years Ago

October 27, 2018

Race One မော်တော်ဆိုင်ကယ်စီးပြိုင်ပွဲတွင် ဂျွန်နသန်ရေး ချန်ပီယံဆု ရရှိ

ကာတာနိုင်ငံ  လိုဆန်အီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ Race One မော်တော်ဆိုင်ကယ်စီးပြိုင်ပွဲမှာ ဂျွန်နသန်ရေးက ဒေါက်ပိုလန်ရဲ့ ၁၉၉၁ ခုနှစ် စံချိန်နဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဗြိတိန်နိုင်ငံသား အသက် ၃၁ နှစ်  ဂျွန်နသန်ရေးဟာ အခုအောင်ပွဲနဲ့ဆိုရင် ၁၁ ကြိမ်မြောက် ဆက်တိုက်နိုင်ပွဲ ဆက်တာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့မော်တော်ဆိုင်ကယ်ပြိုင်ပွဲမှာ ၄ ကြိမ်ဆက်တိုက် အနိုင်ရထားသူ ဂျွန်နသန်ရေးဟာ ရာသီတခုအတွင်း ၁၈ ပွဲ အနိုင်ရရေး စံချိန်တင်ဖို့ အခွင့်ရေးရထားပါတယ်။ ရေးရဲ့ အသင်းဝင် တွမ်ဆိုက်စ်ကတော့ ၁.၄၂ စက္ကန့်နောက်ကျပြီး ဒုတိယနေရာကနေ ပန်းဝင်ခဲ့ပါတယ်။ နောက်ဗြိတိန်ဆိုင်ကယ်စီးသမားတဦးဖြစ်တဲ့ အဲလက်စ် ရိုးကတော့ တတိယနေရာ ရရှိခဲ့တယ်လို ရိုက်တာ သတင်းအရ သိရပါတယ်။
3 years Ago
More News
Up