ဆိပ်ဖြူ

June 4, 2021

ဆိပ်ဖြူမြို့နယ်တွင် ရွာသား ၅ ဦးကို အကြမ်းဖက်စစ်တပ်က ရိုက်နှက်ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးရွာက ဒေသခံပြည်သူ ၅ ယောက်ကို ဇွန်လ ၄ ရက်နေ့မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ချောင်းမကြီးရွာက ဒလန်တွေက သတင်းပေးတာကြောင့် မနက် ၄ နာရီလောက်က စစ်တပ်က ကား ၅စီးနဲ့ရောက်လာပြီးတော့ ရွာကိုဝိုင်းထားကာ သေနတ်တွေပစ်ဖောက်ပြီး ဒေသခံပြည်သူ ၅ ယောက်ကို ဖမ်းဆီးသွားတာလို့  ရွာသားတစ်ယောက်က ပြောပါတယ်။

ရွာထိပ်မှာနေတဲ့သူတစ်ယောက်ကို သူတို့ ဖမ်းချင်တဲသူတွေရဲ့ နေအိမ်ကို လိုက်ပြခိုင်းတာကို ငြင်းဆန်ခဲ့တာကြောင့် ရိုက်နှက်နှိပ်စက်ပြီး ဖမ်းသွားတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်စီးလာတဲ့ အဘိုးကြီး တစ်ယောက်ကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်က ဆိုင်ကယ် တားတာကို မကြားလိုက်တာကြောင့် ရိုက်နှက်နှိပ်စက်သွားပါတယ်။

5 months Ago

October 3, 2020

ဆိပ်ဖြူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ရိုင်းပျစွာ ပြုမူသူ ၃ ဦးကို အမှုဖွင့်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ အနော်ရထာတံတားအနီး အဖွဲ့စုံ ပူးပေါင်းစစ်ဆေးရေး လုပ်ကိုင်နေတဲ့ဂိတ်မှာ စစ်ဆေးဆောင်ရွက်တာကို ရိုင်းပျစွာ ပြုမူသူ ၃ ဦးကို အောက်တိုဘာ ၂ ရက် နေ့လယ်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲရေးဥပဒေနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ဆိတ်ဖြူ မြို့မရဲစခန်းက သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ချောက်မြို့ဘက်ကနေ သက်ကို၊ ပြည့်စုံအောင်၊ ကျော်မြင့်အောင်တို့ လိုက်ပါလာတဲ့ သုံးဘီးယာဉ်တစီး စစ်ဆေးရေးဂိတ်အရောက်မှာ Mask တပ်ဆင်မှု ရှိ၊ မရှိ စစ်ဆေးတာနဲ့ ခရီးသွားထောက်ခံစာ စစ်ဆေးတာတွေ လုပ်ကိုင်ချိန်မှာ ခရီးသွားထောက်ခံစာက ချောက်-ညောင်ဦးသွားသာ ပါတာ၊ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက် ပေးတာ မရှိတာတဲ့အပြင် ကိုယ်အမူအရာ ရိုင်းပျစွာ ပြုမူတာတွေ လုပ်ခဲ့လို့ ဆိပ်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး ဦးနေလင်းက တရားလိုပြု စွဲဆိုခဲ့တာလို့ သိရပါတယ်။ ချောက်မြို့နေ သက်ကို၊ ပြည့်စုံအောင်၊ ကျော်မြင့်အောင်တို့ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ အောက်တိုဘာ ၂ ရက်က ဆိပ်ဖြူမြို့မ ရဲစခန်းမှာ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုလင်း(ချောက်)
1 year Ago
More News
Up