ဆိပ်ကမ်းမြို့သစ်စီမံကိန်

December 9, 2019

ဆိပ်ကမ်းမြို့သစ်စီမံကိန်း သီရိလင်္ကာဖွင့်လှစ်၊ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်

သီရိလင်္ကာနိုင်ငံမှာ တရုတ်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်တဲ့ ဆိပ်ကမ်းမြို့သစ်စီမံကိန်းတခုကို ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်လိုက်ပါတယ်။  မြို့တော်ကိုလံဘိုနားက ဆိပ်ကမ်းမြို့သစ်စီမံကိန်း ဖွင့်ပွဲအခမ်းအနားကို သီရိလင်္ကာဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပက်ခ်ရှာ တက်ရောက်လာပြီး မီးရှူးမီးပန်းတွေ ပစ်ဖောက်ကျင်းပခဲ့ပါတယ်။  ကိုလံဘိုဆိပ်ကမ်းနဲ့ ကပ်လျက်တည်ရှိတဲ့ အဲဒီဆိပ်ကမ်းမြို့သစ်ဟာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံတန်ဖိုးရှိပြီး China Harbour Engineering ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေတာပါ။  မြို့သစ်ကို အိမ်ရာတွေ၊ ဟိုတယ်တွေနဲ့ လှေဆိပ်တွေ ပါဝင်တဲ့ စီးပွားရေးအချက်အချာ နေရာတခုအဖြစ် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီမြို့သစ်ရဲ့ ၅၀ ရာခိုင်နှုန်းလောက်က အိမ်ရာတွေ၊ ၃၀ ရာခိုင်နှုန်းလောက်က ရုံးခန်းတွေ ဖြစ်တယ်လို့လည်း ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောပါတယ်။  တရုတ်ဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး သီရိလင်္ကာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး အကြွေးချပေးထားတဲ့ အမေရိကန်ဒေါ်လာ ၈ ဘီလီယံလောက်က တရုတ်သမ္မတရှီကျင့်ပင်ရဲ့ ရပ်ဝန်းတခုလမ်းကြောင်းတရပ် စီမံကိန်းနဲ့ ဆက်နွှယ်နေပါတယ်။  
2 years Ago
Up