ကမ္ဘာ့နိုင်ငံတွေရဲ့ သက်ဆိုင်ရာ နေရာအသီးသီးမှာ အစိုးရပေးအပ်တဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေကြတာဟာ လူတွေတင်မကပဲ တိရစ္ဆာန်တွေလည်း ရှိနေ တယ်ဆိုရင် သင့်အနေနဲ့ ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မယ်။
ဒါပေမယ့် ဒါက အမှန်ပါပဲ။ ကနေဒါနိုင်ငံမှာတော့ ဆိတ်တွေဟာ အုပ်စုလိုက် အစိုးရရဲ့ ပေးအပ်တဲ့ တာဝန်တွေကို ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ အက်ဒ်မန်တန်မြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ပေါင်းပင်တွေကို ရှင်းလင်းဖို့ ဆိတ်အုပ်တွေကို လွှတ်ကျောင်း အသုံးပြုနေရတာပါ။
နိုင်ငံတွင်း ပေါင်းသတ်ဆေးအသုံးပြုမှုကို တားဆီးထားပြီး မြို့က ပန်းခြံတွေမှာ တနေ့တခြားတိုးပွားလာနေတဲ့ ပေါင်းပင်တွေက ပြဿနာတခု ဖြစ်နေခဲ့တာမို့ ခုလိုဖြေရှင်းရ တာဖြစ်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အက်ဒ်မန်တန်မြို့တော် ပန်းခြံစီမံအုပ်ချုပ်မှုဌာနမှ မိုက်ကယ် ဂလေဇီယာကတော့ နွေရာသီမှာ ခုလိုဆိတ်အုပ်တွေကို ၃ ကြိမ်လောက် စေလွှတ်ကာ ပန်းခြံတွင်း ပေါင်းပင်တွေကို ရှင်းလင်းစေတယ်လို့ ဆိုပါတယ်။
4 years Ago