ဆားလင်းကြီးဒေသခံ

May 17, 2021

ဘုံရန်သူ စစ်အာဏာရှင်ကို အမြစ်ဖြတ်​တော်လှန်ရန် ယင်းမာပင်နှင့် ဆားလင်းကြီးဒေသခံများ ဆန္ဒပြ

စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်း​ရေးသပိတ် ၆၈ ရက်​​မြောက်​နေ့အဖြစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က  ကျေးလက်​နေပြည်သူ​တွေ စုပေါင်းပြီး ​မေလ ၁၇ ရက်​နေ့က အင်အား​ထောင်ချီ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။ 

"တိုင်းပြည်ရဲ့အနာဂတ်ဟာ ကျ​နော်တို့ကိုယ်တိုင် ပုံ​ဖော်ထုဆစ်ရမှာဖြစ်တာမို့ ကျ​နော်တို့အားလုံးရဲ့ အစိုးရ NUG နဲ့ CRPH ကိုပူး​ပေါင်းပါဝင်ရမှာဖြစ်သလို ပြည်သူလူထုအချင်းချင်း ​သွေးမကွဲကြဘဲ ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်​တော်လှန်ရမှာဖြစ်တယ်"လို့ ဆန္ဒပြရာမှာပါဝင်တဲ့ အမျိုးသားလူငယ်တစ်ဦးက ​ပြောပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်တဲ့ တခြားလူငယ်တစ်ဦးကလည်း"လက်နက်စွဲကိုင်​မှ ဖြစ်​တော့မယ်ဆိုတဲ့ အသိဝင်လာတာကြောင့် ကျ​နော်တို့လူငယ်​တွေ ​လေ့ကျင့်နေကြသလို ​ဒေသခံပြည်သူ​တွေကလည်း ပူး​ပေါင်းပါဝင်​​ပေးဖို့ ပြင်ဆင်ထားပါ” လို့ ​တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲကို လမ်း​လျှောက်သပိတ်၊ ထိုင်သပိတ် တို့အပြင် တိုင်းပြည်ကို ချွတ်ခြုံကျ​အောင် ပြုလုပ်​နေတဲ့ စစ်အာဏာရူးတစ်စုနဲ့  သူတို့ကိုကျော​ထောက်​နောက်ခံ​ပေး​နေတဲ့ တရုတ်နဲ့ပတ်သက်တာမှန်သမျှကို မီး​လောင်တိုက်သွင်းတဲ့ ကမ်ပိန်းကိုလည်း ပြုလုပ်ခဲ့ပါတယ်။

7 months Ago
Up