ဆားလင်းကြီးဒေသ

July 27, 2021

ယင်းမာပင်နှင့် ဆားလင်းကြီးဒေသက ဖမ်းဆီးခံပြည်သူ ၈ ဦးအနက် ၃ ဦး ပြန်လွတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးဒေသမှာ စစ်တပ်ရဲ့ ဖမ်းဆီးခံခဲ့ထားရတဲ့ ရွာသား ပြည်သူ ၈  ဦးထဲက ၃ ဦး  ဇူလိုင် ၂၆ ရက် ည​နေပိုင်းမှာ ပြန်လည်လွတ်​မြောက်လာခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်​အ​ရှေ့ခြမ်းနဲ့ ဆားလင်းကြီးမြို့နယ် ​မြောက်ခြမ်းတို့က ကျေးလက်​နေပြည်သူတွေ စု​ပေါင်းပြုလုပ်တဲ့ ရွာ​ပေါင်းစုံသပိတ်စစ်​ကြောင်းကို ဇူလိုင် ၂၃ ရက်​နေ့မှာ စစ်တပ်က ဖြိုခွင်းပြီး ရွာသားတွေကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲက ကို​နေဝင်း၊ ကို​အောင်လှိုင်ဝင်းနဲ့ ကို​ဝေဠု​ကျော် တို့ ၃ ဦး မနေ့ညနေက ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ရွာ​ပေါင်းစုံသပိတ်ကို ဖြိုခွင်းခြင်းခံရစဥ်က သပိတ်မှာပါဝင်တဲ့သူတွေ ထွက်​ပြေးလွတ်​မြောက်သွားခဲ့ကြ​ပေမဲ့ ဆားလင်းကြီးမြို့နယ် ဂုဏ်​တောကျေးရွာ စာသင်​ကျောင်း မှာထားတဲ့ ကိုဗစ်ပိုး​တွေ့လူနာ​တွေကို ကူညီ​စောင့်​ရှောက်မှု​ပေး​နေတဲ့သူအပါဝင် ကိုဗစ် ၁၉ ​ပိုး ရှိ/မရှိ ဆေးစစ်မယ့်သူတွေကို လူမှား ဖမ်းဆီးခြင်းခံရတာဖြစ်ပါတယ်။

ရွာသားတွေကိုဖမ်းဆီးစဉ်မှာ   ဆိုင်ကယ်​တွေနဲ့ပစ္စည်းတစ်ချို့ကိုပါ စစ်ကောင်စီတပ်က ယူသွားတာလို့ ဒေသ​ခံပြည်သူ​တစ်ဦးက ​ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ  DVB သတင်း​ထောက်ပါဝင်တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်ဘူးလို့လည်း ဆိုပါတယ်။ ဖမ်းဆီးခံရသူ တစ်ဦးဖြစ်တဲ့ ကိုမိုးမင်းဦးက သတင်း​ထောက်လုပ်ငန်းမလုပ်တာ နှစ်​ပေါင်းအ​တော်ကြာရှိနေကာမှာ စာသင်​ကျောင်းမှာ လုပ်အားဒါနကုသိုလ်ဖြစ် ကူညီ​နေရင်း အဖမ်းခံလိုက်ရတာလို့ ​ဒေသခံက ပြောပါတယ်။

မလွတ်​မြောက်​သေးဘဲ ကျန်ရှိ​နေ​တဲ့သူ​တွေအတွက် သူတို့ရဲ့မိသားစုဝင်​တွေက စိုးရိမ်မှုနေပြီး အမြန်ဆုံးပြန်လည်လွတ်​မြောက်လာဖို့ မျှော်လင့်​နေကြတယ်လို့ ပြောပါတယ်။

4 months Ago

May 11, 2021

ယင်းမာပင်နှင့် ဆားလင်းကြီးဒေသက ပြည်သူတို့၏ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့ပူး​ပေါင်းပြီး ​မေလ ၁၁ ရက်​နေ့ကပြုလုပ်တဲ့ စစ်အာဏာရှင်အပြီးတိုင်ချုပ်ငြိမ်း​ရေးဆန္ဒပြပွဲမှာ ​​ကျောင်းသားနဲ့ ပြည်သူ​ ​ထောင်ချီပြီး ပူးပေါင်းပါဝင် ဆန္ဒ​ဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ​ကျောင်းသူ​လေးတစ်ဦးက​ "သူတို့ ခြိမ်းခြောက်တိုင်း ​ကြောက်စရာမလိုဘူး၊ သူတို့မှာ လက်နက်ရှိတယ်။ ကျမတို့ပြည်သူ​တွေမှာ သတ္တိရှိတယ်။ ကျမတို့​မျှော်လင့်​နေတဲ့ ဖက်ဒရယ်ဒီမိုက​ရေစီပြည်​ထောင်စုကြီး မကြာခင်ရရှိ​တော့မှာဖြစ်လို့ ​ကြောက်စိတ်ကို​ဘေးဖယ်ပြီး ​ကျမတို့ပြည်သူ​တွေ ​ခေါင်းကို ရဲရဲ​မော့ထားကြပါ။ ကျမတို့အနာဂတ် ကျမတို့ပိုင်တယ်"လို့ ပြောပါတယ်။

နှစ်မြို့နယ်ပူး​ပေါင်းသပိတ်ဟာ စစ်အာဏာရှင်ကို ​တော်လှန်လာခဲ့တာ ရက်​ပေါင်း ၆၂ ရက်​​မြောက်​နေ့ဖြစ်ပြီး အကြမ်းဖက်စစ်​ကောင်စီရဲ့လက်ချက်နဲ့ ပြည်သူတစ်ဦးကျဆုံးခဲ့ရ​ပေမယ့် နေ့စဉ် ပုံစံမျိုးစုံဆန္ဒ​ဖော်ထုတ်​နေတဲ့ သပိတ်တပ်​ပေါင်းစုလည်းဖြစ်ပါတယ်။

7 months Ago
Up