ဆားလင်းကြီး

January 29, 2017

ဆားလင်းကြီး အက်စစ်စက်ရုံ ဝန်ထမ်းအိမ်ရာ မီးလောင်၊ နေအိမ် ၁ လုံး ဆုံးရှုံး

ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာမှာရှိတဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံအနီးမှာ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁၁ နာရီခွဲလောက်က လူနေအိမ်တလုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့ လူနေအိမ်ဟာ အက်စစ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ အိမ်ခန်းတွဲ ၆ တွဲရှိတဲ့အထဲက လူနေအိမ် ၁ အိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ "နေအိမ်က ဝါယာကြိုးတွေ ပေါက်ပြဲနေတဲ့အတွက် လျှော့ဖြစ်ပြီး လောင်ကျွမ်းတာပါ။ တစ်အိမ်တည်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်" လို့ ဆားလင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး နေဖြိုးအောင်က ပြောပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဆားလင်းကြီးမြို့နယ် မီးသတ်မှ မီးသတ်ကား ၃ စီးနဲ့ မိုင်းနယ်မြေမီးသတ်မှ မီးသတ်ကား ၁ စီးတို့ ပူးပေါင်း ငြှိမ်းသတ်ခဲ့ရပြီး လောင်ကျွမ်းမှုကြောင့် တန်ဖိုး ကျပ် ၂၃၆၅၀၀ ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်းမှ နေအိမ်ခန်းမှာ နေထိုင်သူ ဦးဌေးကို အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ရန်နိုင်စိုး
4 years Ago

August 2, 2015

ဆားလင်းကြီး တွင် ကျေးရွာ ၃၀ ခန့် ရေနစ်မြုပ် (ရုပ်သံ)

ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ဆားလင်းကြီးဒေသမှာ ကျေးရွာပေါင်း ၃၀လောက် ရေနစ်မြုပ်နေပြီး ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းမပေါ်မှာ ရွှေ့ပြောင်းနေရပါတယ်။ ချင်းတွင်းမြစ်ရေဟာ ၁ နာရီကို ၂ စင်တီမီတာနှုန်းနဲ့ တက်နေတဲ့အတွက် ဆားလင်းကြီးဒေသက ကျေးရွာ ၃၀ လောက် ရေနစ်မြုပ်နေတာပါ။ အဲဒီဒေသက ဒေသခံတွေဟာ ကျွဲနွားလယ်ယာပစ္စည်းတွေနဲ့အတူ ရေလွတ်ရာ ဆားလင်းကြီး ညောင်ပင်ကြီးလမ်းမပေါ်မှာ ရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အာဏာပိုင်တွေက လာရောက်ကူညီတာတွေတော့ ခုချိန်ထိ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ရေကြီးမှုကြောင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ကာရံထားတဲ့ မြေတာဘောင်တွေ ကျိုးပျက်ပြီး စီမံကိန်းအတွင်း နေရာအချို့မှာ ရေလွမ်းခဲ့ပါတယ်။ ဒါကြောင့် မြစ်ရေ ပြန်ကြချိန်မှာ စီမံကိန်းက  ကျောက်အနည်အနှစ်တွေနဲ့ ဓာတုပစ္စည်းတွေ မြေနုကျွန်းပေါ်မှာ တင်ကျန်ပြီး လယ်ယာမြေတွေ ပျက်စီးမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ ချင်းတွင်းမြစ်ရေဟာ သြဂုတ် ၁ ရက်နေ့ ညနေအထိ မုံရွာမြို့ စိုးရိမ်ရေအမှတ် ၁၀၀၀ စင်တာမီတာရဲ့ အထက် ၁၀၈၂ စင်တီမီတာမှာ ရှိနေပါတယ်။ အပြည့်အစုံ ရုပ်သံကြည့်ရန်
6 years Ago
Up