ဆားဘီးယားနှင့်ပွဲ

June 24, 2018

ဘရာဇီးကွင်းလယ်လူ ကော်စတာ ဒဏ်ရာကြောင့် ဆားဘီးယားနှင့်ပွဲ လွဲချော်မည်

ဘရာဇီးကွင်းလယ်သမား ဒေါက်ဂလပ်စ် ကော်စတာဟာ ဒဏ်ရာကြောင့် အုပ်စုနောက်ဆုံး ပွဲစဉ်ကို လွဲချော်မယ်လို့ ဘရာဇီးအသင်း ဆရာဝန်က ပြောပါတယ်။ ဂျုဗင်တပ် ကွင်းလယ်သမား ဒေါက်ဂလပ်စ် ကော်စတာဟာ ကော်စတာရီကာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ညာဘက်ပခုံး ဒဏ်ရာရခဲ့တာပါ။ ဘရာဇီးအသင်းဟာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဆားဘီးယားနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဲဒီပွဲမှာ ကွင်းလယ်သမားတွေဖြစ်တဲ့ ဒါနီလိုနဲ့ ကော်စတာတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အုပ်စု (အီး) မှာ ဘရာဇီးဟာ ၄ မှတ်ရပြီး အုပ်စုကို ဦးဆောင်နေပါတယ်။ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ် ရဖူးထားတဲ့ ဘရာဇီးဟာ  ဆားဘီးယားနဲ့ပွဲစဉ်မှာ ရလဒ်ကောင်းမှ အုပ်စုကနေ နောက်တဆင့်ကို တက်ရောက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
3 years Ago
Up