ဆားစ်ရောဂါဖြစ်ပွားမှုအဆင့်

February 8, 2020

စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကို ဆားစ်ရောဂါဖြစ်ပွားမှုအဆင့်အထိ တိုးမြှင့်သတ်မှတ်

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ဆားစ်ရောဂါဖြစ်ပွားမှုအဆင့်အထိ တိုးမြှင့်လိုက်တယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။   အရင် ကိုရိုနာဗိုင်းရပ်စ်ရှိသူတွေနဲ့ ဆက်စပ်မှု မရှိတဲ့ ဒါမှမဟုတ် တရုတ်နိုင်ငံကို သွားရောက်ခဲ့တာ မရှိတဲ့ နောက်ထပ် ဗိုင်းရပ်စ်ရှိသူ  ၃ ယောက်ကို တွေ့ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။   ဒီလိမ္မော်ရောင်အဆင့် တိုးမြှင့်ချက်အရ ဗိုင်းရပ်စ်ဟာ ပြင်းထန်ပြီး လူလူချင်း အလွယ်တကူ ကူးစက်တယ်လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။   စင်ကာပူမှာ အဲဒီလို လိမ္မော်ရောင် အဆင့်သတ်မှတ်ချက်ကို  ၂၀၀၉-၂၀၁၀ H1N1 ရောဂါ ဖြစ်ချိန်မှာ နောက်ဆုံး ထုတ်ပြန်ခဲ့ပါတယ်။  ဆားစ်ရောဂါဖြစ်တုန်းက စင်ကာပူမှာ လူအယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာတဝန်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ အဲဒီတုန်းက အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ပြီး ဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့တဲ့ အဓိပ္ပာယ်ရှိပါတယ်။ စင်ကာပူနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်သူ ၃၃ ယောက် ရှိပြီလို့ အတည်ပြုထားပါတယ်။
1 year Ago
Up