ဆာနေး

July 10, 2019

အနာဂတ်နှင့် ပတ်သက်ပြီး ဆာနေး၏ ဆုံးဖြတ်ချက်ကို ဘိုင်ယန်အသင်း စောင့်မျှော်နေ

မန်စီးတီး တောင်ပံကစားသမား ဆာနေးအနေနဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ပြုလုပ်ဖို့ ဘိုင်ယန်မြူးနစ်အသင်းက မျှော်လင့်နေပါတယ်။ ဆာနေးဟာ အားလပ်ရက်ကနေ အပန်းဖြေပြီးနောက် မန်စီးတီးအသင်းနဲ့ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်ဖို့ ပြင်ဆင်နေတာပါ။ အသင်းကနေ ရော်ဘင်နဲ့ ရီဘာရီတို့လို ကစားသမားတွေ ထွက်ခွာသွားတာကြောင့် တောင်ပံကစားသမားတွေ လိုအပ်နေတယ်လို့ ဘိုင်ယန်မြူးနစ်အသင်း အမှုဆောင်အရာရှိချုပ်က ဝန်ခံခဲ့ပါတယ်။ ဆာနေးအနေနဲ့ အားလပ်ရက်မှာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ဖို့နဲ့ သူ့ဘက်ကဆန္ဒကို မိမိတို့ စောင့်မျှော်နေတယ်လို့လည်း ဘိုင်ယန်အသင်း အမှုဆောင်အရာရှိချုပ်က ဆိုပါတယ်။
2 years Ago

July 24, 2018

ချဲလ်ဆီးက အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာနိုင်ဟု ဆာနေး ပြော

လာမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းက အခက်ခဲဆုံး ပြိုင်ဘက်ဖြစ်လာနိုင်တယ်လို့ မန်စီးတီးကစားသမား လီရွိုင်းဆာနေးက ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ နာပိုလီအသင်းကို အကောင်းဆုံးပုံစံရအောင် စွမ်းဆောင်ခဲ့တဲ့ နည်းပြ မက်ဆာရီကို ခေါ်ယူခဲ့တာကြောင့် သူ့ရဲကစားပုံက ဆွဲဆောင်မူရှိတယ်လို့ ဆာနေးက ပြောပါတယ်။ နည်းပြသစ်ရဲ့ နည်းစနစ်သစ်နဲ့ အံဝင်ဖို့အတွက် ချဲလ်ဆီးကစာသမားတွေအတွက် အချိန်လိုအပ်နိုင်ပေမယ့် မိမိတို့ရဲ့ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်လာလိမ့်မယ်လို့ ဆာနေးက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က လူငယ်အကောင်းဆုံးကစာသးမားဆု ရခဲ့တဲ့ ဆာနေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းကနေ ချန်လှပ်ခံခဲ့ရပေမယ့် မန်စီးတီးအသင်းမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
3 years Ago
More News
Up