ဆာအူးလ်နီဂွက်ဇ်

April 11, 2019

တီကိုကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို ခေါ်ယူရန် မန်ချက်စတာမြို့ခံနှစ်သင်း စိတ်ဝင်စား

အက်သလက်တီကိုမက်ဒရစ်အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ ကွင်းလယ်လူ ဆာအူးလ်နီဂွက်ဇ်ကို ခေါ်ယူဖို့ မန်ချက်စတာမြို့ခံနှစ်သင်းနဲ့ ဘာစီလိုနာအသင်းတို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ တပတ်လုပ်ခ ပေါင် ၉ သောင်းသာ ရရှိနေတာကြောင့် အသင်းဖော် ဂရစ်ဇ်မန်းနဲ့ လစာ အတော်လေး ကွာဟနေပြီး မပျော်မရွှင် ဖြစ်နေတာပါ။ ဆာအူးလ်နီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကမှ ၉ နှစ်စာချုပ် ချုပ်ဆိုထားပြီး စာချုပ်ပါ အချက်အလက်တွေအရ သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၂၉ သန်း တန်ကြေးရှိနေပါတယ်။ ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီးနောက် အက်သလက်တီကိုအသင်းမှာ ဆက်လက်ကစားနေပြီး တပတ်လုပ်ခ ပေါင် ၃ သိန်းထိ ရရှိနေတာလည်း ဖြစ်ပါတယ်။
2 years Ago
Up