ဘရာဇီးကလပ် ဆာအိုပေါ်လို တိုက်စစ်မှူး ဘရန်နာကို အာဆင်နယ်အပါအဝင် ဥရောပ ကလပ် ၆ သင်းလောက်က အပြိုင်ခေါ်ယူလိုနေပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ ဘရန်နာဟာ အခုနှစ် ဘောလုံးရာသီမှာ စုစုပေါင်း ၁၅ ဂိုး သွင်းယူထားပြီး ဥရောပထိပ်တန်းကလပ်တွေက ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
ဘရန်နာကို အီတလီကလပ်တွေဖြစ်ကြတဲ့ ဂျူဗင်တပ်၊ အေစီမီလန်နဲ့လာဇီယိုတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အေဂျက်ဇ်၊ ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတွေကလည်း စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။
ဘရန်နာဟာ ၂၀၂၂ ခုနှစ်မှာ အသင်းနဲ့စာချုပ် သက်တမ်းကုန်ဆုံးခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို ၄၅ သန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။
2 years Ago