ဆာလာနဲ့ရော်ဘတ်ဆန်

A d v e r t i s e m e n t With Us

November 14, 2019

ဆာလာနှင့်ရော်ဘတ်ဆန် ဒဏ်ရာကြောင့် လီဗာပူးအသင်း အခက်ကြုံဖွယ်ရှိ

လီဗာပူးအသင်းဟာ ဆာလာနဲ့ရော်ဘတ်ဆန်တို့ ဒဏ်ရာရနေတဲ့အတွက် ပရီးမီးယားလိဂ် ပြန်ကစားချိန်မှာ အခက်တွေ့ဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံတကာပွဲစဉ်တွေ ကစားရမှာဖြစ်လို့ ကလပ်အသင်း ပြိုင်ပွဲတွေကို ခေတ္တနားထားတာပါ။ မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ တိုက်စစ်မှူးဆာလာ ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး အီဂျစ် အသင်းနဲ့ပူးပေါင်းချိန်မှာတော့ အကာအကွယ်ဝတ်ဆင်ထားတဲ့ ဆာလာကို လေ့ကျင့်ရေးကွင်းမှာ မြင်တွေ့ခဲ့ရတာပါ။ ဆာလာဟာ မန်စီးတီးနဲ့ပွဲပြီးကတည်းက ခြေချင်းဝတ်မှာ ရေခဲတုံး ကပ်ထားခဲ့တာပါ။ ဒဏ်ရာရပေမယ့် အီဂျစ်အသင်းဆီ ပြန်သွားခဲ့တဲ့ ဆာလာဟာ အသင်းဆရာဝန်နဲ့ စစ်ဆေးအပြီးမှာတော့ အကာအကွယ်တပ်ဆင်ပြီး လမ်းလျှောက်ဖို့လိုတာကြောင့် ကင်ညာ၊ ကိုမိုရော့ အသင်းတွေနဲ့ကစားမယ့်ပွဲတွေကို လွဲချော်မှာဖြစ်ကြောင်း အီဂျစ်ဆေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။  နောက်ခံလူဖြစ်သူ ရောဘတ်ဆန်ဟာလည်း ခြေချင်းဝတ်ဒဏ်ရာရရှိထားလို့ စကော့တလန် အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဆာလာနဲ့ ရောဘတ်ဆန်တို့နှစ်ဦးဟာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လွဲချော်ဖို့ရှိနေတယ်လို့ သိရပါတယ်။  
1 year Ago
Up