ချန်ပီယံဆုဖလားကို ကာကွယ်နိုင်ဖို့ ပွဲစဉ်အားလုံးကို အနိုင်ကစားဖို့ လိုအပ်တယ်လို့ လီဗာပူးတိုက်စစ်မှူး ဆာလာက ပြောပါတယ်။
ဆာလာဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်သွင်းဂိုး ၁၅ ဂိုးအထိ ရှိသွားပြီး သွင်းဂိုး အများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။
ဝက်စ်ဟမ်းနဲ့ပွဲအပြီး အင်တာဗျူးမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရယူ ချင်တယ်ဆိုရင် ပွဲအားလုံးကို အနိုင်ကစားရမယ်လို့ ဆာလာက ပြောပါတယ်။
ဝက်စ်ဟမ်းက အသင်းကောင်း တစ်သင်းဖြစ်ပြီး ၂ ပွဲ ဆက်နိုင်ပွဲပြန်ရခဲ့တာကြောင့် ကောင်း မွန်တဲ့ ရက်သတ္တပတ်ဖြစ်ခဲ့တယ်လို့လည်း ဆာလာက ပြောပါတယ်။
လီဗာပူး အသင်းဟာ ၂ ပွဲ ဆက် နိုင်ပွဲပြန်ရခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် ၃နေရာ ကို တက်လှမ်းလာနိုင်ခဲ့ ပါတယ်။
လီဗာပူးအသင်းဟာ ပွဲစဉ် ၂၁ အပြီးမှာ ထိပ်ဆုံးကမန်စီးတီးထက် တစ်ပွဲပိုကစားထားပေ မယ့် ၄ မှတ်ကွာဟနေဆဲဖြစ်ပါတယ်။