ဆာလက်နှင့်အယ်နန်နီ

November 19, 2020

ဆာလက်နှင့်အယ်နန်နီတို့ ကိုဗစ်ပိုး ဒုတိယအကြိမ်တွေ့ဟု အီဂျစ်အသင်းထုတ်ပြန်

အီဂျစ်ကစားသမား ၂ ဦးဖြစ်တဲ့ ဆာလက်နဲ့အယ်နန်နီတို့ဟာ ကိုဗစ်-၁၉ရောဂါပိုး ဒုတိယ အကြိမ် စစ်ဆေးရာမှာလည်း ပိုးတွေ့ ရှိခဲ့တယ်လို့ သိရပါတယ်။  နိုဝင်ဘာ ၁၈ ရက်က အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကနေ တရားဝင်သတင်းထုတ်ပြန်ခဲ့တာပါ။ လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ ပြီးခဲ့တဲ့အပတ် သောကြာနေ့ကတည်းက ကိုဗစ်-၁၉ ပိုး စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်စစ်ဆေးရာမှာလည်း Positive ရလဒ်ထွက်ခဲ့တာပါ။ အလားတူ ဆာလက်မှာ ပိုးတွေ့ရှိပြီးနောက် ၃ ရက်အကြာမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ အယ်နန်နီဟာလည်း ဒုတိယအကြိမ်စစ်ဆေးရာမှာ Positive ထပ်ပြခဲ့ တာပါ။  ဆာလက်အနေနဲ့ နိုဝင်ဘာ ၂၂ ရက် လာမယ့်တနင်္ဂနွေနေ့မှာကစားမယ့် လက်စတာနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပြီး အက်တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုလည်း လွဲချော်နိုင်ပါတယ်။  ကွင်းလယ်လူ အယ်နန်နီဟာလည်း လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်၊ မိုဒီနဲ့ ယူရိုပါလိဂ်ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။ 
1 year Ago
Up