ဆာလက်ကို အသင်းမှာဆက်ထားလိုပေမယ့် အသင်းကရောင်းချခဲ့တာဖြစ်တယ်လို့ နည်းပြမော်ရင်ဟို ဖြေရှင်းလိုက်ပါတယ်။
မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းမှာရှိစဉ်က ဆာလက်ကို ပေါင် ၁၄ သန်းနဲ့ ဘေဆယ် အသင်းကနေ ၀ယ်ယူခဲ့တာပါ။
ဆာလက်အနေနဲ့ အသင်းကိုရောက်ရှိချိန်က အသက်ငယ်ရွယ်သေးပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးသလို တခြားပေါင်းသင်းဆက်ဆံရေးနဲ့ ယဉ်ကျေးမူပိုင်း တွေမှာလည်း အဆင်သင့်မဖြစ်သေးတာကြောင့် အငှားချဖို့ဆုံးဖြတ်ခဲ့တာလို့ မော်ရင်ဟိုက ဆိုပါတယ်။
ဒါ့အပြင် အဲဒီအချိန်က ဟာဇက်၊ ၀ီလီယံတို့လို တောင်ပံကစားသမားတွေ ရှိတာကြောင့်လည်း ဆာလက်ကို အငှားချခဲ့တာလို့ ဆိုပါတယ်။
ဆာလက်ကို ၀ယ်ယူဖို့တောင်းဆိုခဲ့တာဟာ မိမိတဦးတည်းဖြစ်ပြီး ပြန်လည်ရောင်းချ ခဲ့တာက မိမိမဟုတ်ဘဲ ချဲလ်ဆီးအသင်းသာ ဖြစ်တယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။
ဆာလက်ဟာ လက်ရှိအချိန်မှာ လီဗာပူးအသင်းနဲ့အတူ ခြေစွမ်းပြနေပြီး အခုလို ခြေစွမ်းပြနေတာကိုလည်း ၀မ်းသာမိတယ်လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
3 years Ago