ဆာမိအာနန်

A d v e r t i s e m e n t With Us

December 23, 2019

အီဂျစ်ကာကွယ်ရေးဦးစီးချုပ်‌ဟောင်း စစ်အကျဉ်းထောင်မှ ပြန်လွတ်

အီဂျစ်နိုင်ငံက ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆာမိအာနန်ဟာ ၂၀၁၈ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စီစဉ်အပြီး ဖမ်းဆီးခံခဲ့ရတဲ့နောက် ၂နှစ်နီးပါးအကြာ ဒီဇင်ဘာ ၂၂ရက်က အချုပ်ကနေ ပြန်လွတ်လာပါတယ်။  စစ်အကျဉ်းထောင်ထဲ ထိန်းသိမ်းခံရချိန် ၂၀၁၈ ဇူလိုင်မှာ လေဖြတ်ဝေဒနာ ခံစားခဲ့ရတဲ့ အာနန်ဟာ ကိုင်ရိုမြို့တော်က စစ်ဆေးရုံဆီ ရွှေ့ခံရအပြီး ခုတော့ သူ့အိမ်ကို ပြန်ရောက်နေပြီ လို့ သူ့ရဲ့ မန်နေဂျာက ဆိုပါတယ်။  သူ့ကျန်းမာရေးအခြေအနေ တိုးတက်လာနေပြီလို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်က ပြောပါတယ်။ အခုလို သူကို ဘာကြောင့် ပြန်လွှတ်ပေးရတယ်ဆိုတဲ့အကြောင်းရင်းကို ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ အီဂျစ်ခေါင်းဆောင် စီစီရဲ့အဓိက စိန်ခေါ်သူအဖြစ် ရှုမြင်ခံရတဲ့ အာနန်ဟာ စစ်ဥပဒေကိုချိုးဖောက်တယ်လို့ စစ်တပ်က စွပ်စွဲခံရအပြီး သမ္မတလောင်း ကိုယ်စားလှယ် အဖြစ်က ဟန့်တားခံရပြီး အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ အာနန်ဟာ ဘယ်ဥပဒေကိုမှ မချိုးဖောက်ခဲ့ဘူးလို့ သူ့ရဲ့ပြောခွင့်ရက ငြင်းဆို ထားပါတယ်။
1 year Ago
Up