ဆာဘီးယား - အယ်ဘေးနီးယားပွဲတွင် မောင်းသူမဲ့လေယာဉ် လွှတ်တင်သူကို ဖမ်းမိ

A d v e r t i s e m e n t With Us

October 8, 2015

ဆာဘီးယား - အယ်ဘေးနီးယားပွဲတွင် မောင်းသူမဲ့လေယာဉ် လွှတ်တင်သူကို ဖမ်းမိ

အရင်နှစ် အောက်တိုဘာလက ဆားဘီးယားမှာ ကျင်းပမယ့် ယူရို ၂၀၁၆ ခြေစစ်ပွဲစဉ်အတွင်း ကွင်းအတွင်း အယ်ဘေးနီးယား အမျိုးသားရေး အလံကိုတွဲပြီး မောင်းသူမဲ့ လေယာဉ်လွှတ်တင်ခဲ့သူကို ဖမ်းဆီးရမိခဲ့ပါတယ်။ အရင်နှစ်ပွဲကစားချိန်အတွင်း မောင်းသူမဲ့လေယာဉ်ကြောင့် ဆားဗီးယား ပရိသတ်တွေ ကွင်းအတွင်း ၀င်ရောက်ကာ အယ်ဘေးနီးယား ဘောလုံးသမားတွေကို တိုက်ခိုက်ခဲ့တဲ့ အတွက် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။ အယ်ဘေးနီးယားမှာ ဒုတိယအကျော့ ပွဲမကစားမီ အခုလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၈ ရက် အယ်ဘေးနီးယားမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် ဆားဘီယားအသင်းကို လုံခြုံရေး တင်းတင်းကြပ်ကြပ် ယူထားပေးရပါတယ်။ မောင်းသူမဲ့လေယာဉ်ကို လွှတ်တင်တယ်လို့ သံသယရှိတဲ့ အသက် ၃၃ နှစ်အရွယ် အစ္စမိုင်း မော်ရင်နပ်နဲ့ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့သလို မော်ရင်နပ်ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သွားလေရာ သေနတ် ယူဆောင်သွားတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဘောလုံးပွဲလက်မှတ် ၃၆ စောင်အပါအ၀င် သေနတ်ကျည်ဆံတွေနဲ့ သူတို့ကို အောက်တိုဘာ ၈ ရက်က သိမ်းဆည်း ရမိခဲ့ပါတယ်။ မောင်းသူမဲ့လေယာဉ်ကို လမ်းတဖက် ဘုရားကျောင်းကနေ ဘောလုံးကွင်းထဲကို မောင်းနှင်ခဲ့တာလို့ မော်ရင်နပ်က ၀န်ခံပါတယ်။ ဒီလေယာဉ်ကို ဆားဗီးယားနောက်ခံလူက ဆွဲချခဲ့အပြီးမှာ ဘောလုံးပရိသတ်တွေ ကွင်းအတွင်းကို ပြေးဝင်လာတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဆားဗီးယားအသင်းက ၃ မှတ်အနုတ်ခံရပြီး အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။ ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ အယ်ဘေးနီးယားဟာ ပေါ်တူဂီ ဒိန်းမတ် ဆားဗီးယားအသင်းတွေနဲ့ တအုပ်စုတည်းကျနေပြီး အုပ်စုတတိယနေရာမှာ ရပ်တည်နေပေမယ့် ခြေစစ်ပွဲအောင်မြင်ဖို့ အတွက် မျှော်လင့်လို့ ရနေပါတယ်။ ဆားဘီးယားနဲ့ အယ်ဘေးနီးယား ၂ နိုင်ငံက ခါးသီးတဲ့ သမိုင်းကြောင်း ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ အယ်ဘေးနီးယား တိုင်းရင်းသားအများစုက ဆားဘီးယားကနေ ခွဲထွက်ပြီး ကိုင်ပိုင်လွတ်လပ်ရေးကို ကြေညာခဲ့ပါတယ်။
5 years Ago
Up