ဆာဘီးယား

July 11, 2020

ဆာဘီးယားတွင် ကိုဗစ်-၁၉ ကပ်ဘေး အစိုးရ၏ကိုင်တွယ်ပုံကို ပြည်သူများ ဆန္ဒပြ

ကိုဗစ်-၁၉ ကပ်ဘေး အစိုးရကိုင်တွယ်ပုံကို မကျေနပ်လို့ ဆာဘီးယားနိုင်ငံမြို့တော် ဘဲလ်ဂရိတ်မှာ ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။  လွှတ်တော်အဆောက်အအုံအရှေ့မှာ သမ္မတ အလက်ဇန်းဒါး မွန်စီကို ဆန္ဒပြနေတဲ့သူတွေကို  ဝတ်စုံအပြည့်နဲ့ ရဲတွေက  ထိန်းချုပ်နေရပါတယ်။  ဘဲလ်ဂရိတ်မြို့မှာ လူအုပ်ထဲ ဆန္ဒပြသူတဦးလည်း ဓားထိုးခံခဲ့ရတာ ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။  ဒီအပတ်အတွင်း ဘဲလ်ဂရိတ်မြို့မှာ ဆန္ဒပြမှုတွေက ကပ်ဘေးကြောင့် လော့ဒေါင်းချထားမှု တွေကို မကျေနပ်တာက စတင်ဖြစ်ပေါ်လာတာပါ။   နောက်တော့ အစိုရဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ သမ္မတမွန်စီ နုတ်ထွက်ပေးရေးအထိ  တောင်းဆိုလာပါတယ်။   သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေက ဆန္ဒပြပွဲတွေကို ကြိုးကိုင်နေပြီး ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရ ခက်ခဲမယ်လို့ ပဲရစ်မြို့မှာ  သမ္မတ မွန်စီက ပြောဆိုခဲ့ပါတယ်။  ဆာဗီးယားဝန်ကြီးချုပ် အန်နာ ဘာနဘစ်ကလည်း ဆေးရုံတွေမှာ လူနာတွေ ပြည့်နေပြီး ဆန္ဒပြပွဲတွေဟာ ကျန်မားရေးအန္တရာယ် ရှိတယ်လို့ ပြောပါတယ်။  လူဦးရေ ၇ သန်းရှိတဲ့ ဆာဘီးယားနိုင်ငံမှာ အတည်ပြုလူနာ ဦးရေ ၁၇၀၀၀ ကျော်ရှိထားပြီး သေဆုံးသူကလည်း ၃၇၀ ဦးရှိတယ်လို့ သိရပါတယ်။  ဒါ့အပြင် ကိုဗစ်-၁၉ကပ်ရောဂါ ကြေညာပြီးနောက်ပိုင်း ဆာဗီးယားနိုင်ငံဟာ ဥရောပမှာ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတဲ့ နိုင်ငံဖြစ်တယ်လို့  ရိုက်တာသတင်းအရ သိရပါတယ်။
1 year Ago

August 17, 2015

နယ်ခြားစည်းရိုးတည်ဆောက်မှု ပထမအဆင့်ပြီးစီးဟု ဟန်ဂေရီ ပြော

အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်းဒုက္ခသည်တွေ အီးယူနိုင်ငံတွေကို ၀င်ရောက်မှု တားဆီးဖို့ နယ်ခြားစည်းရိုး တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့် ပြီးစီးပြီလို့ ဟန်ဂေရီအစိုးရက ပြောပါတယ်။ ၁၇၅ ကီလို ရှည်လျားတဲ့ ဆားဘီးယားနဲ့ နယ်နိမိတ်မှာ ပထမအဆင့် ကီလို ၇၀ ကို သံဆူးကြိုး ၂ ထပ် ကာရံနေတာပါ။ ဒီ  ဆားဘီးယားနိုင်ငံကနေ ဟန်ဂေရီကိုဖြတ်ပြီး ဥရောပကို ၀င်ရောက်သူ ရွှေ့ပြောင်းဒုက္ခသည် တနေ့ကို ၁၅၀၀ လောက် ကြိုးစားနေကြပြီး အများစုဟာ အာဖဂန်နဲ့ ဆီးရီးယားဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ ၀င်ရောက်လာသူတွေကို ဟန်ဂေရီအာဏာပိုင်တွေက စာရင်းကောက်ယူ ၀င်ခွင့်ပေးခဲ့ပြီး အများစုကတော့ ဥရောပအနောက်ပိုင်းနိုင်ငံတွေကို တခါတည်း ခရီးဆက်ကြတာပါ။ နယ်စပ် သံဆူးကြိုးကာရံရေး စီမံကိန်းအစ အခက်အခဲ အနည်းငယ်ရှိခဲ့တာကလွဲလို့ အစီအစဉ်အတိုင်း အကောင်အထည်ဖော်ဖြစ်နေတယ်လို့ ဟန်ဂေရီအစိုးရရဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေ ဟန်ဂေရီနိုင်ငံကို ၀င်ရောက်နေရတဲ့ အဓိက အကြောင်းရင်းကတော့ ဟန်ဂေရီနိုင်ငံထဲ ရောက်ရှိတာနဲ့ အီးယူထဲ ရောက်ရှိသွားပြီး တခြား အီးယူနိုင်ငံတွေကို အစစ်အဆေးမရှိ သွားရောက်နိုင်လို့ ဖြစ်ပါတယ်။ ဒီနယ်နိမိတ်စည်းရိုး စီမံကိန်းဟာ အီးယူနဲ့ ဟန်ဂေရီ အမျိုးသားလက္ခဏာကိုပါ ကာကွယ်ထိန်းသိမ်းဖို့ ဖြစ်တယ်လို့ ဟန်ဂေရီဝန်ကြီးချုပ်က ပြောဆိုပါတယ်။
6 years Ago
Up