ဆာဘာစစ်ဆင်ရေး လေ့ကျင့်မှု

June 11, 2015

နေတိုးတပ်ဖွဲ့ အင်အား ၆၀၀၀ ကျော်ဖြင့် ဆာဘာစစ်ဆင်ရေး လေ့ကျင့်မှု ပြုလုပ် (ရုပ်သံ)

ဖင်လန်နဲ့ အက်စ်တိုးနီးယန်းတပ်ဖွဲ့တွေဟာ ဇွန် ၈ ရက်နေ့မှာ စတင်တဲ့ နေတိုးအဖွဲ့ရဲ့ ဆာဘာ စစ်ဆင်ရေး နိုင်ငံစုံ လေ့ကျင့်မှုမှာ အတူပါဝင် လေ့ကျင့်ခဲ့ကြပါတယ်။ နှစ်စဉ်ပြုလုပ်နေကျ လေ့ကျင့်မှုမှာ ဒီနှစ်အတွက် နေတိုး ၁၃ နိုင်ငံမှ တပ်ဖွဲ့အင်အား ၆ ထောင်ကျော် ပါဝင်ပြီး လတ်ဗီးယား၊ အက်စ်တိုးနီးယား၊ လစ်ယူယေးနီးယားနဲ့ ပိုလန်နိုင်ငံ နယ်စပ်တွေမှာလည်း လေ့ကျင့်ကြပါတယ်။ ၂၀၁၀ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ်ကျင်းပနေကျ လေ့ကျင့်မှုမှာ ၂၀၁၅ ခုနှစ်ထဲ ပါဝင်လေ့ကျင့်လာတဲ့ နိုင်ငံတွေကတော့ ကနေဒါ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ ဂျာမနီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ စလိုဗေးနီးယား၊ ယူနိုက်တက်ကင်းဒမ်းနဲ့ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက ကာကွယ်ရေးအသုံးစရိတ်နဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်အပေါ် တွန်းအားပေးခဲ့ပြီး နောက်တနေ့မှာပဲ ဆာဘာ စစ်ဆင်ရေးမှာ ပါဝင်သူတွေကို ပံ့ပိုးဖြည့်ဆည်းပေးတဲ့ ဗြိတိန်နိုင်ငံကတော့ နေတိုးရဲ့ တုံ့ပြန်မှုမြန်ဆန် တပ်ဖွဲ့သစ်ကိုထပ်ပြီး တိုးမြင့် ထောက်ပံ့ပေးခဲ့ပါတယ်။ မနှစ်က ကရိုင်းမီးယားမှာ ရုရှားရဲ့ စစ်ရေးဝင်ရောက်စွက်ဖက်မှု အရှိန်ကို အံ့အားသင့်ခဲ့ရတဲ့ နေတိုးခေါင်းဆောင်တွေဟာ ဥရောပအရှေ့ပိုင်းက မဟာမိတ်တွေရဲ့ ကာကွယ်မှုကို မြှင့်တင်ဖို့ ကျယ်ပြန့်တဲ့စီမံကိန်းတွေကို အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
6 years Ago
Up