ဆာဗီးယားဒေသခံများ ခေါ်ဆိုတဲ့ မြေအောက်ကမ္ဘာရဲ့တံခါး၊ ငရဲပါးစပ် မီးတောင်ဝ (ရုပ်သံ)

March 1, 2017

ဆာဗီးယားဒေသခံများ ခေါ်ဆိုတဲ့ မြေအောက်ကမ္ဘာရဲ့တံခါး၊ ငရဲပါးစပ် မီးတောင်ဝ (ရုပ်သံ)

ပေ ၃၀၀ အနက်ရှိတဲ့ ဆာဗီးယားနိုင်ငံရှိ မီးတောင်ဝဟာ တစ်နှစ်ကို ပေ ၃၀ က ပေ ၁၀၀ အထိ ကျယ်လာတာကြောင့် သိပ္ပံပညာရှင်တွေအတွက် စူးစမ်းစရာဖြစ်နေတယ်လို့ သိရပါတယ်။ “ငရဲပါးစပ်” လို့ လူသိများပြီး အချိန်တိုအတွင်း ကြီးမားကျယ်ပြန့်လာတဲ့ ဆားဗီးယားနိုင်ငံ ရာကူတီရာ မြောက်ပိုင်းဒေသက မီးတောင်ဝဟာ သိပ္ပံပညာရှင်တွေကို နှစ်ပေါင်း ၂ သိန်းလောက်ရဲ့ ရာသီဥတုသမိုင်းကြောင်း စိတ်ဝင်စားဖွယ်ရာတွေ အမြင်တွေအတွက် စူးစမ်းစရာဖြစ်နေတယ်လို့ မေရာရဲ့ မတ်လ ၁ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီမီးတောင်ဝကို ဒေသခံတွေက “မြေအောက်ကမ္ဘာရဲ့တံခါး” လို့ အမည်ပေးထားပြီး မြေကြီးပြိုနေတဲ့ မီးတောင်ဝကိုလည်း ရုပ်သံထဲမှာ မြင်ရမှာပါ။ အဲ့ဒီဒေသရဲ့ မြေအောက်မျက်နှာပြင် ကြာရှည်စွာ အေးခဲနေမှုက မြေလွှာတွေကို အရည်ပျော်သွားစေပြီး မြေကြီးရဲ့အောက်ခြေဘက် ပိုပြီး အကာအကွယ်မဲ့ကာ မီးတောင်ဝက ပိုကျယ်လာတာလို့ ဆိုပါတယ်။ ဒီလိုဖြစ်မှုက သုတေသနပြုလုပ်သူတွေကို အရင်က ဒီနေရာ ဘယ်လိုရှိခဲ့လဲဆိုတာ စူးစမ်းဖို့ တွန်းအားပေးနေတယ်၊ အပြောင်းအလဲတွေကို ခန့်မှန်းဖို့ အထောက်အကူပြုနေတယ်လို့ သိရပါတယ်။ Sussex တက္ကသိုလ်က ဂျုလီယန်မာတန်က “ပုံမှန်မဟုတ်တဲ့ ကမ္ဘာ့ပထဝီမြေပြင်သမိုင်းရဲ့ ဆက်တိုက်မှတ်တမ်းကို ဒီဒေသက မြေလွှာတွေက ပြနေတယ်။ ဒီမီးတောင်ဝ ကျယ်လာတာက ကျနော်တို့တွေ ရာသီဥတုနဲ့ပတ်သက်ပြီး ခန့်မှန်းနိုင်မယ်၊ ဒီနေရာက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာတွေကိုလည်း ပြောနိုင်မယ်” လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။ အခု မိုင်ဝက်အရှည်ရှိတဲ့ မီးတောင်ဝဟာ ၁၉၆၀ ခုနှစ်လောက်က ဆားဗီးယားနိုင်ငံ ဗာခိုရန်စ်က်ခရိုင်၊ ဘာတာဂိုင်ရွာလေးအနီးမှာ စတင်ဖြစ်ပေါ်ခဲ့တာလို့ သိရပါတယ်။ ဒေသခံရွာသားတွေကတော့ အဲ့ဒီမီးတောင်ဝဆီကနေ ကြောက်မက်ဖွယ်ရာ အကောင်ကြီးတွေရဲ့ အသံကြားပြီးနောက် “မြေအောက်ကမ္ဘာရဲ့တံခါးဝ” လို့ ယူဆနေကြပေမယ့် သိပ္ပံပညာရှင်တွေက ဒါက မြေအောက်က သတ္တဝါတွေရဲ့ အသံဆိုတာထက် မြေတွေပြိုလို့ ကြားရတဲ့ အသံပါလို့ ပြောနေပါတယ်။
5 years Ago
Up