ဆာဖာရီဥယျာဉ်တွင်း လည်ပတ်သူများကို ခြင်္သေ့တကောင်က ခုန်အုပ်တိုက်ခိုက် (ရုပ်သံ)

March 24, 2017

ဆာဖာရီဥယျာဉ်တွင်း လည်ပတ်သူများကို ခြင်္သေ့တကောင်က ခုန်အုပ်တိုက်ခိုက် (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှ ဆာဖာရီဥယျာဉ်ထဲမှာ ခြင်္သေ့မတကောင်ဟာ လာရောက်လည် ပတ်ကြသူတွေကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖမ်းယူရရှိခဲ့ပါ တယ်။ လာရောက်လည်ပတ်ကြသူတွေနဲ့ ခြင်္သေ့တွေကြားမှာ ကတုတ်ကျင်းတခုခြား ထားတာဖြစ်ပြီး ခြင်္သေ့မဟာ သူကကို ချိန်နေကြတဲ့ ကင်မရာတွေရှေ့မှာ တိုက်ခိုက်လိုတဲ့ ပုံနဲ့ အသင့်ရှိနေခဲ့တာကို တွေ့ရပါတယ်။ အချိန်အနည်းငယ်အကြာမှာတော့ ပြောဆိုရယ်မောသံတွေကြားမှာ ဘယ်လိုမှ သည်းမခံနိုင်တော့ပဲ ခုန်အုပ်နိုင်ဖို့ ကတုတ်ကျင်းကို ဖြတ်ကျော်ဖို့ ကြိုးစားခဲ့တာပါ။ အယ်လ်ဆာအမည်ရတဲ့ အဲဒီခြင်္သေ့မက ခုလိုခုန်အုပ်လိုက်ချိန်မှာ ကြည့်ရှုသူတွေဟာ ထိတ်လန့်တကြားအော်ဟစ်ခဲ့တာတွေကို ကြားရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ လူတွေဆီရောက်မလာခဲ့ပဲ ကတုတ်ကျင်း အောက်ခြေဆီ ထိုးကျသွားခဲ့တာပါ။ အဲဒီနောက်မှာတော့ သူ့ကို တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ကုသပေးခဲ့ကြပြီး နောက်မှာတော့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရရှိတာတွေ မရှိခဲ့ဘူးလို့ မေရာသတင်း တပုဒ်မှာ ဖော်ပြပါတယ်။ ဥယျာဉ်တွင်း တာဝန်ရှိသူတွေကတော့ ခုလိုတိုက်ခိုက်မှုကို မျှော်လင့်မထားခဲ့ပဲ ခုလိုပြုမူခဲ့တဲ့အတွက် အဆိုပါခြင်္သေ့မကို နေရာကနေ ဖယ်ရှားခဲ့ရတာပါ။
5 years Ago
Up