လာလီဂါကလပ် အက်သလက်တီကိုအသင်းရဲ့ ညာနောက်ခံလူ ဂျူအန်ဖရန်ဟာ ဘရာဇီးကလပ် ဆာပေါ်လိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီလို့ goal.com သတင်းမှာ ဖော်ပြပါတယ်။
ဂျူအန်ဖရန်ဟာ အက်သလက်တီကိုအသင်းမှာ ရှစ်ရာသီကြာ ကစားခဲ့သူဖြစ်ပြီး နည်းပြကြီး ဆီမြွန်နီ တည်ဆောက်ထားတဲ့ ဥရောပရဲ့ အကောင်းဆုံးခံစစ်စာရင်းဝင်အသင်းရဲ့ အစိတ်အပိုင်းတခုဖြစ်ခဲ့ပါတယ်။
သူဟာ အက်သလက်တီကိုအသင်းနဲ့အတူ လာလီဂါဖလား၊ ဥရောပဖလားတွေရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုလည်း နှစ်ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့ပါတယ်။
“ဂျူအန်ဖရန်ဟာ ဘရာဇီးလ်ချန်ပီယံရှစ်ပါပါဝင်ကစားပြီး တောင်အမေရိကရဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ မော်ရန်ဘီကွင်းကြီးရဲ့ အငွေ့အသက်တွေကိုလည်း ခံစားရတော့မယ်” လို့ ဆာပေါ်လိုအသင်းက ထုတ်ပြန်ထားပါတယ်။
ဂျူအန်ဖရန်ဟာ အက်သလက်တီကိုအသင်းနဲ့ ပြီးခဲ့တဲ့ရာသီကမှ တနှစ်သက်တမ်းတိုး စာချုပ်ချုပ်ထားခဲ့သူဖြစ်ပြီး နောက်ထပ် တနှစ်သက်တမ်းတိုးဖို့ကိုလည်း ကမ်းလှမ်းခြင်း ခံခဲ့ရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရာသီက ပွဲထွက်ခွင့် နည်းပါးခဲ့တာကြောင့် သူဟာ ဘရာဇီးမြေကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။
“ကျနော့်ဘဝတလျှောက်လုံး စပိန်မြေမှာပဲ မွေးဖွားကြီးပြင်းလာပြီး ဘောလုံးကစား ခဲ့ပါတယ်။ အခုတော့ ကျနော်ဟာ ဘရာဇီး ဘောလုံးလောကမှာ ကစားချင်တဲ့ အိမ်မက်ကို အကောင်အထည်ဖော်ရပါတော့မယ်” လို့ ကစားသမားက ပြောပါတယ်။
ဂျူအန်ဖရန်မတိုင်ခင် ဆာပေါ်လိုအသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ နောက်ခံလူဟောင်း ဒယ်နီအဲဗက်စ်ကို ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။
ဒါ့ကြောင့် အသင်းဟာ တချိန်တုန်းက ဥရောပမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်ညာနောက်ခံလူနှစ်ဦးကို ပိုင်ဆိုင် လိုက်နိုင်ပြီလည်း ဖြစ်ပါတယ်။
ဆာပေါ်လိုဘက်က အဲဗက်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး ဂျူအန်ဖ ရန်ရဲ့စာချုပ်ကတော့ ၂၀၂၀ မှာကုန်ဆုံးမှာဖြစ်ပါတယ်။
ဒီကစားသမားနှစ်ယောက်ဟာ ဆာပေါ်လိုအသင်းကို အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းမှာ ရပ်တည်နိုင်ရေးအတွက် ဘယ်လိုမျိုး အထောက်အကူ ဖြစ်စေနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Zawgyi Version
အက္သလက္တီကို ေနာက္ခံလူ ဂ်ဴအန္ဖရန္ ဆာေပၚလိုကို ေျပာင္းေ႐ႊ႕
DVB
လာလီဂါကလပ္ အက္သလက္တီကိုအသင္းရဲ႕ ညာေနာက္ခံလူ ဂ်ဴအန္ဖရန္ဟာ ဘရာဇီးကလပ္ ဆာေပၚလိုအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီလို႔ goal.com သတင္းမွာ ေဖာ္ျပပါတယ္။
ဂ်ဴအန္ဖရန္ဟာ အက္သလက္တီကိုအသင္းမွာ ရွစ္ရာသီၾကာ ကစားခဲ့သူျဖစ္ၿပီး နည္းျပႀကီး ဆီႁမြန္နီ တည္ေဆာက္ထားတဲ့ ဥေရာပရဲ႕ အေကာင္းဆုံးခံစစ္စာရင္းဝင္အသင္းရဲ႕ အစိတ္အပိုင္းတခုျဖစ္ခဲ့ပါတယ္။
သူဟာ အက္သလက္တီကိုအသင္းနဲ႔အတူ လာလီဂါဖလား၊ ဥေရာပဖလားေတြရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုလည္း ႏွစ္ႀကိမ္တိုင္တိုင္ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
“ဂ်ဴအန္ဖရန္ဟာ ဘရာဇီးလ္ခ်န္ပီယံရွစ္ပါပါဝင္ကစားၿပီး ေတာင္အေမရိကရဲ႕ စိန္ေခၚမႈေတြနဲ႔ ႀကဳံေတြ႕ရေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ေမာ္ရန္ဘီကြင္းႀကီးရဲ႕ အေငြ႕အသက္ေတြကိုလည္း ခံစားရေတာ့မယ္” လို႔ ဆာေပၚလိုအသင္းက ထုတ္ျပန္ထားပါတယ္။
ဂ်ဴအန္ဖရန္ဟာ အက္သလက္တီကိုအသင္းနဲ႔ ၿပီးခဲ့တဲ့ရာသီကမွ တႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ထားခဲ့သူျဖစ္ၿပီး ေနာက္ထပ္ တႏွစ္သက္တမ္းတိုးဖို႔ကိုလည္း ကမ္းလွမ္းျခင္း ခံခဲ့ရပါတယ္။
ဒါေပမယ့္ ၿပီးခဲ့တဲ့ရာသီက ပြဲထြက္ခြင့္ နည္းပါးခဲ့တာေၾကာင့္ သူဟာ ဘရာဇီးေျမကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့တာပါ။
“က်ေနာ့္ဘဝတေလွ်ာက္လုံး စပိန္ေျမမွာပဲ ေမြးဖြားႀကီးျပင္းလာၿပီး ေဘာလုံးကစား ခဲ့ပါတယ္။ အခုေတာ့ က်ေနာ္ဟာ ဘရာဇီး ေဘာလုံးေလာကမွာ ကစားခ်င္တဲ့ အိမ္မက္ကို အေကာင္အထည္ေဖာ္ရပါေတာ့မယ္” လို႔ ကစားသမားက ေျပာပါတယ္။
ဂ်ဴအန္ဖရန္မတိုင္ခင္ ဆာေပၚလိုအသင္းဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ရဲ႕ ေနာက္ခံလူေဟာင္း ဒယ္နီအဲဗက္စ္ကို ေခၚယူထားခဲ့ၿပီးျဖစ္ပါတယ္။
ဒါ့ေၾကာင့္ အသင္းဟာ တခ်ိန္တုန္းက ဥေရာပမွာ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ခဲ့တဲ့ ကမာၻ႔အေကာင္းဆုံး စာရင္းဝင္ညာေနာက္ခံလူႏွစ္ဦးကို ပိုင္ဆိုင္ လိုက္ႏိုင္ၿပီလည္း ျဖစ္ပါတယ္။
ဆာေပၚလိုဘက္က အဲဗက္ကို ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာလအထိ စာခ်ဳပ္ခ်ဳပ္ဆိုထားတာျဖစ္ၿပီး ဂ်ဴအန္ဖ ရန္ရဲ႕စာခ်ဳပ္ကေတာ့ ၂၀၂၀ မွာကုန္ဆုံးမွာျဖစ္ပါတယ္။
ဒီကစားသမားႏွစ္ေယာက္ဟာ ဆာေပၚလိုအသင္းကို အမွတ္ေပးဇယားရဲ႕ ထိပ္ပိုင္းမွာ ရပ္တည္ႏိုင္ေရးအတြက္ ဘယ္လိုမ်ိဳး အေထာက္အကူ ျဖစ္ေစႏိုင္မလဲဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
2 years Ago