ဆာဒီယိုမာနေး

A d v e r t i s e m e n t With Us

March 15, 2020

မာနေးကို ပေါင်သန်း ၁၄၀ ဖြင့် ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ကြိုးပမ်းလာနိုင်

ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းဟာ လီဗာပူး တိုက်စစ်မှူး ဆာဒီယိုမာနေးကို ပထမဦးစားပေး အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဆီနီဂေါသားကို ပေါင် သန်း ၁၄၀ နဲ့ ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုသွားဖို့ ရှိနေပါတယ်။ မာနေးဟာ ယာဂန်ကလော့ပ်ရဲ့ အသင်းအတွက် အဓိကကစားသမားတဦးအဖြစ် အသုံးတော်ခံနေသူ ဖြစ်ပြီး ဒီရာသီမှာ အထူးခြေစွမ်းပြသနေကာ ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းပြီး ၈ ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ ဒါ့အပြင် အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်း ၂၅ မှတ်နဲ့ ဦးဆောင်ခွင့်ရရှိရေးအတွက် အဓိကနေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဇီဒန်းဟာ မာနေးကို ကာလရှည် သဘောကျခဲ့သူ ဖြစ်ပြီးတော့ သူ့ကို ဒီနှစ် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွက် ပထမဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့ Daily Mirror သတင်းမှာ ဖော်ပြပါတယ်။  မာနေးရဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို သတိပြုမိထားပြီး စပိန်အသင်းဟာ မာနေးကို မာဆေးဆိုဒ်အသင်းကနေ ထွက်ခွာပြီး စပိန်မြေမှာ စိန်ခေါ်မှုအသစ်တွေနဲ့ လာရောက်ရင်ဆိုင်ရေးအတွက် ညှိနှိုင်းနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။  မာနေးဟာ လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ရှိနေသေးသူ ဖြစ်ပြီးတဲ့အပြင် လီဗာပူးအသင်းရဲ့ အဓိကကစားသမားတွေထဲက တဦးဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးပမာဏဟာ လီဗာပူးအသင်းအတွက် မက်လောက်စရာ အနေအထားတခု ဖြစ်ဖို့လိုအပ်တယ်လို့ Mirror သတင်းမှာ သုံးသပ်ထားပါတယ်။  ဇီဒန်းရဲ့ မာနေးအပေါ် ထားရှိတဲ့ သဘောထားကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ သူ့ကို ပေါင်သန်း ၁၄၀ ထက်မနည်းတဲ့ ပမာဏနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ်ရှိပါတယ်။ မာနေးဟာ ဆာလတ်၊ ဖာမီနိုတို့နဲ့အတူ လီဗာပူးအသင်းအတွက် ရပ်တန့်ဖို့ ခက်ခဲတဲ့ သုံးယောက်တွဲ တိုက်စစ်ကို ပုံဖော်ထားနိုင်ခဲ့သူဖြစ်ပြီး အားကစားအီအစဉ် သုံးသပ်သူတွေရဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။  ယူနိုက်တက်ဂန္ထဝင် နောက်ခံလူ ဖာဒီနန်က လီဗာပူး သုံးယောက်တွဲ တိုက်စစ်မှာ သူ ရင်ဆိုင်လိုခြင်းမရှိသူက မာနေး ဖြစ်တယ်လို့ ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။
12 months Ago
Up