ဆလုံ(ခ)​မော်​ကင်းရိုးရာနတ်​ပွဲကျင်းပ (သတင်းဓာတ်ပုံ)

April 3, 2017

စား​တော်​​ငယ်ေ​လှပြိုင်​ပွဲနှင့် ဆလုံ(ခ)​မော်​ကင်းရိုးရာနတ်​ပွဲကျင်းပ (သတင်းဓာတ်ပုံ)

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာမှာ ဆလုံ (ခ) မော်ကင်းရိုးရာနတ်ကပွဲနဲ့အတူ စားတော်ငယ်လှေပြိုင်ပွဲကို မတ် ၃၁ ရက်က ကျင်းပသွားခဲ့ပါတယ်။ လှေပြိုင်ပွဲကို ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့က ဦးဆောင် ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲဝင်သူ ကျား ၁၁ ဦး မ ၈ ဦး ၀င်ရောက်ယှဉ်ပြိုင်ကြပါတယ်။ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံ မနွေးနွေးအောင်ရင်က “နှစ်စဉ်ကျင်းပနိုင်ဖို့ လူအင်အားငွေအင်အား နိုင်တဲ့ဖက်ကနေပြီး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းပေးသွားမယ်”လို့ ပြောပါတယ်။ ပွဲတော်ကိုလာရောက်တဲ့ ဒေသခံရွာသားတဦးက “ကျေးရွာသူရွာသားတွေကတော့ စားတော်ငယ် လှေပြိုင်ပွဲကို ရိုးရာနတ်ကပွဲနဲ့အတူ နှစ်စဉ်ကျင်းပတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလနဲ့ မတ်လမှာသာ ရိုးရာနတ်ကပွဲတော်ကို ကျင်းပကြပြီး ပွဲတော်ကျင်းပဖို့ အဓိကအရာကတော့ ပင်လယ်လိပ်ကို ဖမ်းမိမှ နတ်ကပွဲကို ၃ ရက်ကနေ ၇ ရက်အထိ ကျင်းပတာဖြစ်ပါတယ်။ အနီးတဝိုက်ကကျွန်းတွေဖြစ်ကြတဲ့ ညောင်ဝီးကျွန်း၊ ဇျာလန်းကျွန်းမှ ဆလုံလူမျိုးတွေ လာရောက်ကြပါ တယ်။ ဒီအနီးဝန်းကျင်မှာ ဆလုံလူဦးရေ ၈၀၀ လောက် ရှိတယ်”လို့ ပြောပါတယ်။ ရိုးရာနတ်ကပွဲကိုတော့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားများ ရေးရာဝန်ကြီး ဦးစောလုကာက  ငွေကြေး အပြည့်အ၀ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ ဆလုံရိုးရာနတ်ကပွဲကို မကြုံဂလက်ကျေးရွာရဲ့အရှေ့ဖက်မှာတကြိမ်၊ အနောက်ဖက်မှာတကြိမ်၊ သင်္ချိုင်းမြေမှာ တကြိမ် ကျင်းပတာဖြစ်ပါတယ်။ သတင်း - လတ်ကိုကိုဦး
4 years Ago
Up