အင်္ဂလန် အသင်းနည်းပြ ဆမ်း အလာဒွိုက်က ဆလိုဗက်ကီးယားနဲ့ ပွဲဟာ အကြိတ်အနယ် ရှိမယ်လို့ ပြောပါတယ်။
၂၀၁၈ ရုရှား ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် အင်္ဂလန်နဲ့ ဆလိုဗက်ကီယား အသင်းတို့ ဒီနေ့ည ယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းကို ခံစစ်လုံအောင် ပြန်လည်ပြင်ဆင်မှာဖြစ်ပြီး အင်္ဂလန်ရဲ့ ကစားဟန်အတိုင်း တိုက်စစ်ဖွင့် ကစားဖို့လည်း ပြင်ထားတယ်လို့ နည်းပြက ပြောပါတယ်။
အသင်းခေါင်းဆောင် ၀ိန်းရွန်နီကလည်း တနင်္ဂနွေနေ့ပွဲက အကြိတ်အနယ် ရှိမယ်ဆိုတာကို ကြိုတွက်ထားသလို၊ ဆလိုဗက်ကီယား အသင်းကို နိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
အင်္ဂလန် အသင်းဟာ ယူရို ၂၀၁၆ အုပ်စုပွဲစဉ်မှာ ဆလိုဗက်ကီယားနဲ့ တွေ့ခဲ့တုန်းက ဂိုးမရှိ သရေကျခဲ့ပါတယ်။
4 years Ago