ဆလိုဗက်ကီးယား

June 27, 2016

ဂျာမနီ ၃ - ၀ ဆလိုဗက်ကီးယား (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ရှုံးထွက်ပွဲစဉ်အဖြစ် ဂျာမနီနဲ့ ဆလိုဗက်ကီးယားတို့ ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ရာ ဂျာမနီက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်မှာ ဂျာမနီကပဲ ခြေအသာနဲ့ ဖိကစားသွားခဲ့ပြီး ၈ မိနစ်မှာ ဘိုတန်၊ ၄၃ မိနစ်မှာ ဂိုမက်ဇ်နဲ့ ၆၃ မိနစ်မှာ ဒရက်ဇ်လာတို့က အနိုင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။- ပွဲချိန် ၁၃ မိနစ်မှာ ဂျာမနီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အိုဇေးကန်သွင်းခဲ့ပေမယ့် ဆလိုဗက်ကီးယား ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့လို့ ဂျာမနီ တဂိုးနစ်နာခဲ့ရပါတယ်။ ဂျာမနီအသင်းဟာ ဒီနေ့ညယှဉ်ပြိုင်မယ့် အီတလီ-စပိန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ လာမယ့် ဇူလိုင် ၃ ရက်နေ့ကျရင် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago

June 21, 2016

ဆလိုဗက်ကီးယားနှင့် သရေကျပြီး အင်္ဂလန် အုပ်စုဒုတိယဖြင့် ရှုံးထွက်အဆင့်တက် (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ အုပ်စုဘီ နောက်ဆုံးပွဲစဉ်အဖြစ် ဆလိုဗက်ကီးယားနဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ရာ ဂိုးမရှိ သရေကျခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းဟာ ဝေးလ်စ်အသင်းကို အနိုင်ရခဲ့တဲ့ လူစာရင်းကနေ ၆ ဦးအထိ အပြောင်းအလဲလုပ်ခဲ့သလို အသင်းခေါင်းဆောင် ၀ိန်းရွန်နီကိုလည်း ဒုတိယပိုင်းမှ ထုတ်သုံးခဲ့ပါတယ်။ အင်္ဂလန်က ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့် အသာစီးရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတော့ မရခဲ့ပါဘူး။ အုပ်စုဘီက ပွဲစဉ်တွေ အားလုံးအပြီးမှာ ဝေးလ်စ်က နှစ်ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုပထမ၊ အင်္ဂလန်က တပွဲနိုင်၊ နှစ်ပွဲသရေ ၅ မှတ်နဲ့ အုပ်စုဒုတိယ၊ ဆလိုဗက်ကီးယားက တပွဲနိုင်၊ တပွဲသရေ ၄ မှတ်နဲ့ အုပ်စု တတိယ၊ ရုရှားက တပွဲသရေ ၁ မှတ် အသီးသီးရရှိပါတယ်။ အုပ်စု ပထမနဲ့ ဒုတိယရ ဝေးလ်စ်နဲ့ အင်္ဂလန်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး ဆလိုဗက်ကီးယားကတော့ အကောင်းဆုံး အုပ်စုတတိယနဲ့ နောက်တဆင့်တက်နိုင်ဖို့ ကျန်တဲ့ အုပ်စုပွဲစဉ်တွေ ပြီးတဲ့အထိ စောင့်ရမှာဖြစ်ပါတယ်။ ရမှတ် တမှတ်သာရတဲ့ ရုရှားအသင်းကတော့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်သွားရပါတယ်။
6 years Ago
More News
Up