ဆလိုင်းတီလျန်

November 9, 2020

ဆလိုင်းတီလျန်က “စတိတ်ရှိုးဘုရင်မ”သီချင်းဖြင့် KnockOuts Round ကို ဖြတ်ကျော် (ရုပ်သံ)

မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ KnockOuts Round အဆင့် ပြိုင်ပွဲမှာတော့ ချင်းတိုင်းရင်းသားအဆိုတော် ဆလိုင်းတီလျန်က “စတိတ်ရှိုးဘု ရင်မ”သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ကာ နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။        ဒီသီချင်းကိုတော့ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ တေးရေး စောဘွဲ့မှူးက ရေးစပ်ထားခဲ့ တာဖြစ်ပြီး အဆိုတော် ဆလိုင်းသွှအောင် နဲ့ ဇော်ဝင်းထွဋ်တို့ရဲ့ သီဆိုမှုနဲ့ တခေတ်တခါက ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။        ဆလိုင်းတီလျန်ဟာ Blind Audition အဆင့်မှာတုန်းကတော့ အဆိုတော်ဝိုင်ဝိုင်းရဲ့ “ရဲရဲရပ်တည်”သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာ ခဲ့တာပါ။        အဲဒီနောက် Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် အောင်ပိုင်သူနိုင်နဲ့အ တူ အဆိုတော် မျိုးကြီးရဲ့ "ရင်ခုန်သံ အရင်းနှီးဆုံး”နဲ့ အပြိုင်ကြဲသီဆိုပြိုင်ပွဲဝင်ခဲ့ကာ နောက်တဆင့် ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။ ခုတခါ တတိယအဆင့် KnockOuts Round မှာတော့ Battle Round ကို ဖြတ် ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၄ ယောက်တတွဲစီ သီဆိုယှဉ် ပြိုင်ကြရတာဖြစ်ပြီး သူတို့ထဲက ၂ ယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့  R. ဇာနည်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ဆလိုင်း တီလျန်နဲ့အတူ ထိုက်ကြီး၊ N Oo L နဲ့ G တို့က သီချင်းတပုဒ်စီနဲ့ အပြိုင်အစွမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach R. ဇာနည်က ဆလိုင်းတီလျန်နဲ့ N Oo L တို့ကို ရွေးချယ်ခဲ့တာမို့ သူတို့ ၂ ယောက်ကတော့ Liveshow အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ ထိုက်ကြီးနဲ့ G တို့ကတော့ ဒီအဆင့်ကနေ လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။
1 year Ago
Up