ဆလားဗီးယားပရပ်

April 12, 2019

ယူရိုပါလိဂ် ကွာတား ပထမအကျော့ ဆလားဗီးယားပရပ် ၀ - ၁ ချဲလ်ဆီး (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးက အဝေးကွင်းမှာ ဆလားဗီးယားပရပ်ကို တဂိုးတည်းနဲ့ကပ်ပြီး အနိုင်ရသွားပါတယ်။ ချဲလ်ဆီးဟာ ချက်အသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရပြီး ၈၆ မိနစ်မှာ အလွန်ဆိုက အနိုင်ဂိုး သွင်းယူခဲ့တာပါ။ ချဲလ်ဆီးနည်းပြ ဆာရီကတော့ အခုရလဒ်အပေါ် ကျေနပ်တယ်လို့ ပြောပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးနောက်တန်းက ရူဒီဂါ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။ ဒီနှစ်သင်းရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ချဲလ်ဆီးအိမ်ကွင်းမှာ ဧပြီ ၁၉ ရက်နေ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
2 years Ago
Up