ဆရီနာဝီလီယံ

September 29, 2020

ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံ ဒုတိယအဆင့် တက်ရောက်

ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ ပထမအဆင့်မှာ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံက တနိုင်ငံတည်းသူ  ခရစ္စတီအမ်ကို အနိုင်ရပြီး နောက်တဆင့်တက်သွားပါတယ်။  ဆီဒင်-၆ သတ်မှတ်ခံထားရတဲ့ ဆရီနာဝီလီယံဟာ ခရစ္စတီအမ်ကို ၆-၀ ၇-၆ နဲ့ နှစ်ပွဲပြတ် အနိုင်ရခဲ့တာပါ။ ဒုတိယအဆင့်ပွဲစဉ်မှာတော့ ဆရီနာဝီလီယံက  ဘူဂေးလ်ရီးယားတင်းနစ်မယ် ပီယွန်ကိုဗာနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ တခြားနာမည်ကြီး တင်းနစ်မယ်တွေထဲမှာ ဘီလာရုက အဇာရန်ကာနဲ့ ဆီဒင်-၁  သတ်မှတ်ခံထားရတဲ့ ရိုမေးနီးယားသူ ဆိုင်မွန်ဟေးလက်လည်း ဒုတိယအဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။  အမျိုးသားပွဲစဉ်မှာတော့ အသက်၂၀အရွယ် ကနေဒါနိုင်ငံသား အက်လီယက်ဆင်က ဂျပန်က နစ်ရှိအိုကာကို ရှုံးနိမ့်ခဲ့ပါတယ်။
2 years Ago

September 11, 2020

ဘီလာရု တင်းနစ်မယ် အဇာရန်ကာ ဆရီနာဝီလီယံကို အနိုင်ယူပြီး ယူအက်စ်အိုးပင်းဗိုလ်လုပွဲတက်

ဘီလာရု တင်းနစ်မယ် အဇာရန်ကာဟာ နာမည်ကြီး ဆရီနာဝီလီယံကို အနိုင်ယူပြီး ယူအက်စ်အိုးပင်း ဗိုလ်လုပွဲကို တတိယအကြိမ်မြောက် တက်ရောက်သွားပါတယ်။  ပထမပွဲငယ်မှာ ဆရီနာဝီလီယံက ၆-၁ နဲ့ အနိုင်ရခဲ့ပေမယ့် နောက် ၂ ပွဲမှာ ၃-၆ ၃-၆ ရလဒ်တွေနဲ့ အဇာရန်ကာက နှစ်ပွဲဆက်တိုက်အနိုင်ယူခဲ့တာပါ။  နောက်ဆုံးပွဲငယ်မှာ ဆရီနာဝီလီယံရဲ့ ခြေကျင်းဝတ်မှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပါသေးတယ်။  အသက် ၃၁ နှစ်ရှိ အဇာရန်ကာအတွက် ၂၀၁၃ နောက်ပိုင်း ဂရင်းစလင်းပြိုင်ပွဲကြီးတခုရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာပါ။  တခြားဆီမီးဖိုင်နယ်မှာတော့ ဂျပန်တင်းနစ်မယ် နာအိုမီ အိုဆာကာက အမေရိကန်က ဂျင်နီဖာ ဘရက်ဒီကို ၇-၆၊ ၃-၆၊ ၆-၃ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲတက်ခဲ့ပါတယ်။  အသက် ၂၂ နှစ်ရှိ အိုဆာကာအတွက် ယူအက်စ်အိုးပင်းမှာ ဒုတိယအကြိမ်မြောက်  ဗိုလ်လုပွဲ တက်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်ယူအက်စ်အိုးပင်းမှာ ချန်ပီယံဖြစ်ခဲ့တဲ့အိုဆာကာအနေနဲ့ ယူအက်စ်အိုးပင်း ဗိုလ်လုပွဲကို ၃ ကြိမ်တက်ရောက်နိုင်ခဲ့ဖူးတဲ့ အဇာရန်ကာနဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 
2 years Ago
Up