ကြက်ဥတွေကို ခိုးယူဝါးမျိုခဲ့တဲ့ မြွေဟောက်တကောင်ဆီက အဲဒီကြက်ဥတွေကို ပြန်ရနိုင်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်တဲ့ အခြေအနေပါ။
ဒါပေမယ့် အိန္ဒိယနိုင်ငံမှ မြွေအလမ္ပာယ်ဆရာတဦးကတော့ ဒါကို ဖြစ်အောင်လုပ်ပြနိုင်ခဲ့တာကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ကြရမှာပါ။
ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း၊ အက်ဆမ်ပြည်နယ်တွင်းက ကျေးရွာတရွာမှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီမြွေကြီးဟာ ကြက်မွေးမြူရေးခြံထဲကို ခိုးဝင်ပြီး ကြက်ဥတွေကို ခိုးယူ ဝါးမျိုခဲ့တာပါ။
ဒါပေမယ့် မျိုချခဲ့ပြီး မကြာခင်မှာပဲ အစာအိမ်ထဲက လက်မခံနိုင်ဘဲ မဆန့်ခဲ့တဲ့အတွက် မလှုပ်ရှားနိုင်တော့ဘဲ စပါးစိုက်ခင်းထဲမှာ လဲလျောင်းလျက်သား ရှိနေခဲ့တာပါ။
ဒါကိုတွေ့ရှိခဲ့ပြီး ဒီသတင်းဟာ ရွာထဲကို ပျံ့နှံ့သွားခဲ့ချိန်မှာတော့ မြွေအလမ္ပာယ်ဆရာကို ခေါ်ပြီး အကူအညီတောင်းခဲ့တာပါ။
မြွေအလမ္ပာယ်ဆရာ အနေးလ်တာဆာ ရောက်လာခဲ့ချိန်မှာတော့ သူဟာ မြွေဟောက်ဆီက ကြက်ဥပြန်အန်ထွက်လာစေဖို့ အမျိုးမျိုး အားထုတ်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ မြွေဟောက်ဟာ ငြိမ်သက်သွားခဲ့ပြီးနောက် ကြက်ဥ ၇ လုံးကို တလုံးပြီးတလုံး ပြန်အန်ချခဲ့တာကို တွေ့ရပါတယ်။
5 years Ago