ဆရာ​တော်​ဦးဥတ္တမ

September 9, 2018

၇၉ ကြိမ်မြောက် ဆရာ​တော်​ဦးဥတ္တမ အထိမ်းအမှတ်နေ့ အခမ်းအနား ကျင်းပ

စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ ကြိမ်မြောက် အာဇာနည် အရှင် ဦးဥတ္တမ အထိမ်း အမှတ်နေ့ကို ရခိုင်ပြည်နယ် မြို့နယ်နဲ့ကျေးရွာတွေမှာ ဒီက​နေ့ ကျင်းပကြပါတယ်​။ ဒါ့အပြင့် ဒီအခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတောင်ဖက်မုခ် ဥတ္တမပန်းခြံမှာလည်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးမှ ကြီးမှူးပြီး ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။ ရခိုင်​ပြည်​နယ်​အစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ဦးညီပု ဌာနဆိုင်​ရာတာဝန်​ရှိသူ​တွေ၊ နိုင်​ငံ​ရေးပါတီ​တွေ၊ လူမှုအဖွဲ့အစည်း​တွေ၊ ​ကျောင်းသူ​ကျောင်းသား​တွေလည်း စစ်​​တွေ ဦးဥတ္တမပန်းခြံ ဆရာ​တော် ​ဦးဥတ္တမရုပ်​တု​ရှေ့ မှာ လာ​ရောက်​ပန်း​ခွေချခဲ့ကြပါတယ်​။ ဆရာ​တော်​ဦးဥတ္တမဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ဇာတိဖြစ်ပြီး မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ဖို့ မျိုးချစ်စိတ်ဓာတ် စတင်မွေးဖွားပေးခဲ့သူလည်း ဖြစ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေးတရားတွေ ဟောပြောခဲ့မှုကြောင့် အကြိမ်ကြိမ်ထောင်ဒဏ် ချမှတ်ခဲ့ရသူလည်း ဖြစ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုတဲ့အနေနဲ့ ရခိုင်တိုင်းရင်းသားတွေက ဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ ၉ ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံတွင်းမှာသာမက အိန္ဒိယနိုင်ငံမှာပါ အိန္ဒိယ ကွန်ကရက်အဖွဲ့ကြီးနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါတယ်။ ဆရာတော်ဟာ ၁၉၃၉ ခုနှစ်မှာ ပျံလွန်ခဲ့တာဖြစ်ပါတယ်။ သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို
3 years Ago
Up