ဆရာ၊ ဆရာမ

September 22, 2021

ထိုင်းတွင် ဆရာ၊ ဆရာမ ဦးရေ ၇၀ ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီး

ထိုင်းနိုင်ငံမှာ လာမယ့် ကျောင်းဖွင့်ရာသီအမီ ဆရာဆရာမဦးရေ ၂ သိန်းကနေ ၄ သိန်းကြား၊ စုစုပေါင်းဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်တယ်လို့ အခြေခံပညာရေးကော်မရှင်ရုံး(အိုဘီအီးစီ)က ထုတ်ပြန်ပါတယ်။

လာမယ့် နိုဝင်ဘာ ၁ ရက် ကျောင်းတွေမဖွင့်ခင်မှာ အခြေခံပညာရေး ဆရာ၊ ဆရာမတွေအားလုံး ကာကွယ်ဆေးထိုးနှံပြီးစီးဖို့ ခန့်မှန်းထားပါတယ်လို့ အိုဘီအီးစီရဲ့ အထွေထွေအတွင်းရေးမှူး အန်ဖွန် ဖီနာဆာက ပြောပါတယ်။

“ကျောင်းပြန်ဖွင့်တဲ့ရက်မှာ ကျောင်းသားတွေအားလုံးကို ကျောင်းတက်ဖို့ ဖိအားပေးသွားမှာ မဟုတ်ပါဘူး။ တကယ်လို့များ မိဘတွေက သူတို့ကလေးတွေရဲ့ ဘေးကင်းလုံခြုံရေးကို စိုးရိမ်တယ်ဆိုရင် အိမ်ကနေပဲ သင်ယူမှုကို ဆက်လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်ရှိ အနီရောင်ဇုန်တွေထဲက စာသင်ကျောင်းတွေကိုလည်း ရောဂါကူးစက်ပျံ့နှံ့မှု လျှော့ချနိုင်ရေးအတွက် ဖွင့်လှစ်နိုင်မယ့်ရက်ကို ဆုံးဖြတ်မှာဖြစ်ပြီး ခရိုင်ဒေသအလိုက် ကျန်းမာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း အကြံပြုချက်တွေနဲ့ ထည့်သွင်းစဉ်းစားသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတဝန်း စာသင်ကျောင်း‌တွေက ကျောင်းသားကျောင်းသူတွေကိုလည်း ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးကမ်ပိန်းကို စတင်နေပြီး မှတ်ပုံတင်ထားတဲ့ ကျောင်းသားအားလုံးကို ကာကွယ်ဆေးထိုးပြီးစီးတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကာ လာမယ့် အောက်တိုဘာလလယ်လောက်မှာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

လာမယ့် ၂၀၂၁ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်အဖြစ်  ဖွင့်လှစ်မယ့် အချိန်မတိုင်မီ ကာကွယ်ဆေး တကြိမ်ထိုးနှံမှုကိုတော့ အန္တရာယ်ရှိ အနီရောင်ဇုန်နယ်မြေ ၂၉ ခုက ကျောင်းသားကျောင်းသူတွေကို ဦးစားပေးဖို့  ထိုင်းပညာရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

အဆိုပါ အန္တရာယ်ရှိ အနီရောင်ဇုန် နယ်မြေ ၂၉ ခုထဲမှာတော့ စာသင်ကျောင်းပေါင်း  ၁၅,၄၆၅ ခု ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ သန်းခွဲကျော်၊ သေဆုံးသူ ၁၅,၀၀၀ ကျော်ရှိနေပါတယ်။

1 year Ago

February 18, 2021

လှိုင်မြို့နယ်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသားပြည်သူများဆန္ဒပြ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်မှာ  ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းသားပြည်သူ အင်အား ၅၀၀ ကျော်ပါဝင်တဲ့  သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင် စနစ်ကျဆုံးရေးအတွက် ဖေဖော်ဝါရီ ၁၈ ရက်က  လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ 

ဒီမိုကရေစီရရှိရေး ၊ စစ်အာဏာရှင်စနစ်ကျဆုံးရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးသံရုံးကို  သွားရောက်ခဲ့ပြီး အိတ်ဖွင့်စာများ ပေးအပ်ခဲ့ပါတယ်။

ဘူတာရုံလမ်း ကနေ ဘုရင်နောင့်လမ်းဆုံ အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး ဘုရင့်နောင်စစ်ကြောရေးမှာ ဖမ်းဆီးခံနေရတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ပြန်လွှတ်ပေးရေးအတွက်လည်း ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ပါတယ်။

နန့်ခိုင်

2 years Ago
More News
Up