ဆရာဝန်များ အဖြေမထုတ်နိုင်သည့်

March 12, 2017

ဆရာဝန်များ အဖြေမထုတ်နိုင်သည့် မွေးရာပါ ဦးခေါင်းခွံကွဲ သနားစဖွယ်ကလေး (ရုပ်သံ)

အသက် ၆ နှစ်အရွယ် သနားစဖွယ်ကောင်လေးဟာ ဦးခေါင်းခွံတစ်ခုလုံး ၄ လက်မ အနက်ရှိတဲ့ အက်ကွဲရာကြီး ပါရှိနေပြီး ဒီကွဲရာကြီးက တစ်ပတ်ထက်တစ်ပတ် ပိုပိုကြီးလာနေပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ မွေးဖွားလာတဲ့ ဖိ့က်တရာပေါ့ဗ်လေးဟာ အသက် ၄၀ နှစ်အရွယ် ဆရေးဆိုတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်ထားချိန် ၇ လအကြာမှာ ဦးခေါင်းဒဏ်ရာတွေ့တယ်လို့ ဆရာဝန်တွေက သတိပေးကြောင်း သိရပါတယ်။ ကလေးလေးရဲ့ ဦးခေါင်းခွံပေါ်မှာ ကွဲရာ အသေးလေး ပါလာခဲ့တာဖြစ်ပြီး ဆရာဝန်တွေအနေနဲ့ ဒီကွဲရာနဲ့ စပ်လျဉ်းပြီး ပဟေဠိဖြစ်ခဲ့ကာ ဒီကလေးကို အခြားကုသမှုတွေ မပေးခဲ့ပဲ အိမ်ကိုပဲ ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။ ထိတ်လန့်စရာအနေနဲ့ ကလေးရဲ့ ဦးခေါင်းခွံပေါ်က ကွဲရာလေးဟာ တဖြည်းဖြည်း ပိုနက်ပြီး ပိုကြီးလာတယ်လို့ သိရပါတယ်။ အခုဆိုရင် ကွဲကြောင်းအရာက နဖူးကနေ ဦးခေါင်းအနောက်ထိ ပိုကြီးလာတယ်လို့လည်း ဆိုပါတယ်။ ဆရာဝန်တွေက သူတို့အနေနဲ့ ဘာမှ မတတ်နိုင်ဘူးလို့ ကလေးရဲ့ မိခင်ကို ပြောပေမယ့် ကလေးရဲ့ အဖွားဖြစ်သူ သွန်းဟောင် အသက် ၆၇ နှစ်က ကုသမဲ့ နည်းလမ်းရှာဖို့ ဆုံးဖြတ်ထားပါတယ်။ အဖွားဖြစ်သူဟာ ကမ္ဘောဒီးယားနိုင်ငံ ဆီရန်ရိ့ပ်မှာ ရှိတဲ့ အန်ကာဝတ် ဘုရားကျောင်းကို အပတ်စ် စနေ၊ တနင်္ဂနွေတိုင်း ကလေးကို ခေါ်ဆောင်သွားပြီး ကလေးအတွက် လှူဒါန်းငွေတွေ တောင်းခံခဲ့တယ်လို့ သိရပါတယ်။ သမီးဖြစ်သူ ကိုယ်ဝန် ၃ လရှိစဉ် စစ်ဆေးတုန်းက ဆရာဝန်တွေက အားလုံး ကောင်းတယ်လို့ ပြောကြောင်း၊ ဒါပေမယ့် ကိုယ်ဝန် ၇ လမှာတော့ ကလေးမှာ ပြဿနာ အကြီးအကျယ် တစ်ခုဖြစ်နေပြီး ကုသဖို့ နောက်ကျနေပြီလို့ ပြောကြောင်း ကလေးရဲ့ အဖွားဖြစ်သူက ပြောပါတယ်။ “ကလေးက မွေးလာကတည်းက ခေါင်းခွံပေါ်မှာ ကွဲရာလေးပါတယ်၊ ပြီးတော့ အဲ့ဒီကွဲရာက တစ်ချိန်လုံး ပိုပိုကြီးလာတယ်။ ဦးခေါင်းခွံရဲ့ အလယ်ထဲကို ကျမ လက်တောင် ထည့်လို့ရတယ်၊ အဲ့ဒီကွဲရာက အရမ်းကြီးနေပြီ ကလေးရဲ့အဖေက ကလေး မမွေးဖွားခင်ကတည်းက ထွက်သွားတာဆိုတော့ ကလေးကို ကျမနဲ့ ကျမသမီးကပဲ စောင့်ရှောက်ရတယ်၊ ဆရာဝန်တွေလည်း ဘာလို့ ဒီလိုဖြစ်တယ်ဆိုတာ မသိကြဘူး၊ သူတို့ပြောတာက သူတို့ဘာမှမလုပ်နိုင်ဘူးဆိုတာပဲ” ရောဂါကို ကာကွယ်နိုင်ဖို့ ဒေသခံအကူအညီပေးရေးအဖွဲ့တွေက ကလေးအတွက် ဆေးဝါးတွေ လှူဒါန်းပေမယ့် ဒီထူးဆန်းတဲ့ ကွဲရာက ဘာမှ မထူးခြားလာဘူးလို့ သိရပါတယ်။ “ကလေးဆေးရုံက ဆေးတွေပေးပါတယ်။ ဒါပေမယ့် အဲ့ဒါက ကလေးခံစားနေရတာ သက်သာတာပဲ ရှိတယ်၊ ဒီလိုကွဲကြောင်းရာ ပိုကြီးလာတာကို ကမ္ဘာကြီးထဲက တစ်ဦးဦး ပျောက်ကင်းအောင် ကုသနိုင်ဖို့ ကျမတို့က နေ့တိုင်း ဆုတောင်းနေပါတယ်” လို့ အဖွားက ပြောပါတယ်။
5 years Ago
Up