ဆရာဝန်ကို ဖမ်းဆီးအမှုဖွင့်

February 9, 2019

မြိတ်တွင် တက္ကသိုလ်ကျောင်းသူအား မဖွယ်မရာပြုလုပ်သည့် ဆရာဝန်ကို ဖမ်းဆီးအမှုဖွင့်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ တက္ကသိုလ်ကျောင်းသူတဦးအား ဆေးကုသပေးရာမှာ မဖွယ်မရာပြုလုပ်ခဲ့တယ်ဆိုပြီး ဆရာဝန်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့က မျက်စိနာတဲ့ ဝေဒနာအတွက် ဆေးကုဖို့လာတဲ့ ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတဦးကို မြိတ်မြို့၊ ကန်ကြီးရပ်ကွက်၊ ကန်ကြီး စီလမ်းမှာ ဆေးခန်းဖွင့်ထားတဲ့  ဆရာဝန်တဦးက မဖွယ်မရာပြုလုပ်ခဲ့တာလို့ ကျောင်းသူရဲ့ အုပ်ထိန်းသူတွေက ရဲစခန်းမှာ အမှုဖွင့်တိုင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဆရာဝန်က ဆေးထိုးပေးရင်း မိန်းမကိုယ်အား မဖွယ်မရာပြုလုပ်ခဲ့တာကို တက္ကသိုလ် ကျောင်းသူက အဘွားနဲ့အဒေါ်ဖြစ်သူကို တိုင်တန်းခဲ့တာလို့ ကန်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးနိုင်က ပြောပါတယ်။ ''ဒီဖြစ်စဉ်ဖြစ်ပွားကြောင်းသိရတော့ ကျနော့်ရုံးမှာ ဆရာဝန်နဲ့ တက္ကသိုလ်ကျောင်းသူကို ခေါ်ပြီးမေးမြန်းခဲ့တယ်။ အုပ်ထိန်းသူတွေလည်း ပါလာခဲ့တယ်။ ဆရာဝန်က ပြစ်မှု ကျူးလွန်မိကြောင်း ၀န်ခံခဲ့တယ်။ နောက်မဖြစ်စေရဘူးလို့ တောင်းပန်ပြီး ခံဝန်ထိုးခဲ့တယ်။ ဒါပေမယ့် အုပ်ထိန်းသူတွေက မကျေနပ်တဲ့အတွက် ရဲစခန်းမှာ အမှုထပ်မံဖွင့်ခဲ့တယ်။” ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆရာဝန်ဖြစ်သူ --- ကို ရဲတပ်ဖွဲ့က ဖမ်းဆီးမေးမြန်းခဲ့ရာ ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှု ကျူးလွန်တဲ့ ၆၅ နှစ်အရွယ် ဆရာဝန်ကို မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၇၇/ ၃၅၄ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago
Up