ဆရာဝန်နှင့်သူနာပြု မလုံလောက်

December 23, 2020

ကယ်လီဖိုးနီးယားတွင် လူနာများကို ပြုစုရန် ဆရာဝန်နှင့်သူနာပြု မလုံမလောက်ဖြစ်နေ

အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု ဗဟိုချက် ဖြစ်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ အထူးကြပ်မတ်ကုသဆောင်အတွင်း ခုတင်နေရာ ရှားပါးနေပြီး လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ ဆရာဝန်နဲ့ သူနာပြု မလုံလောက်ဘူးလို့ ဆေးရုံတွေက ပြောပါတယ်။ ဒါကြောင့် ပွဲတော်ရာသီအတွင်း လူစုလူဝေးရဲ့အန္တရာယ်ကို ပြည်သူတွေဆီ သတိပေးဖို့ ပြည်သူ့ဝန်ဆောင်မှု ကြေညာချက်ကို ကျန်းမာရေးစနစ်အတွင်းက အဖွဲ့အစည်းတွေက ဒီဇင်ဘာ ၂၂ ရက်မှာ တညီတညွတ်တည်း ထုတ်ပြန်လိုက်ကြပါတယ်။ ကျန်းမာခြင်းဂုဏ်သိက္ခာ Dignity Health၊ ပါမာနန်တေနဲ့ စတ်တာအုပ်စုတို့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကိုယ့်အလုပ် ကိုယ်လုပ်ပါ။ အိမ်မှာပဲ နေပါလို့ လူထုကို သတိပေးထားပါတယ်။ ကယ်လီဖိုးနီးယား ကျန်းမာရေးနဲ့ လူထုဝန်ဆောင်မှု အေဂျင်စီရဲ့ အတွင်းရေးမှူး အပါအဝင် ကျန်းမာရေးကဏ္ဍထဲက အမှုဆောင်အရာရှိချုပ်တွေရဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ခိုင်ဆာ ပါမာနန်တေ အဖွဲ့ ခေါင်းဆောင်က “ပျော်ပွဲရွှင်ပွဲကို သွားမယ့်လူတွေအတွက် အင်မတန်ထိရောက်တဲ့ နည်းလမ်းနဲ့ သတင်းစာတိုကို လွှင့်ဖို့ ကြိုးစားနေတယ်။ လူတွေ အတူထွက်ကြတော့မယ်ဆိုတာ သိနေတယ်။ ကျနော်တို့က မလုပ်ပါနဲ့၊ ကိုယ့်အဝန်းအဝိုင်းမှာပဲ နေပါလို့ ပြောနေတယ်။ ဒါပေမဲ့ ကျေးဇူးတော် အောက်မေ့ပွဲတုန်းက လူတွေ အပြင်ထွက်ကြတာ အတွေ့အကြုံရပြီးပါပြီ။ အခုတော့ ကျနော်တို့ အကျိုးဆက်အောက်မှာ နေရတယ်” လို့  ပြောပါတယ်။ အမေရိကန်မှာ ဒီဇင်ဘာ ၂၃ ညနေ ၄ နာရီထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ စုစုပေါင်း ၁၈ ဒသမ ၇သန်း ကျော်ရှိပြီး ကူးစက်ခံ သေဆုံးသူ ဦးရေ ၃၃၀,၀၀၀ ကျော် ရှိပါတယ်။
10 months Ago
Up