ဆရာများသမဂ္ဂ

June 20, 2021

မော်လမြိုင်တက္ကသိုလ်၌ ကိုဗစ်-၁၉ ပျံ့နှံ့နေသည့်သတင်း အမှောင်ချထားမှု ဆရာများသမဂ္ဂ ဝေဖန်

မော်လမြိုင်တက္ကသိုလ်မှာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့နေတာကို အသိမပေးဘဲ သတင်းအမှောင်ချထားတဲ့ အပေါ်  မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

မော်လမြိုင်တက္ကသိုလ်က တာဝန်ရှိသူတွေရဲ့ ပေါ့ဆမှုကြောင့် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံမှု သိသိသာသာ ထိုးတက်လာပြီး စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာတယ်လို့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂက ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။

အခုဖြစ်စဉ်ကို ဆရာများသမဂ္ဂက အသေးစိတ် စောင့်ကြည့်နေကြောင်းနဲ့ တက္ကသိုလ် အာဏာပိုင်တွေအနေနဲ့ နာမည်ရရေးအတွက် အာဏာသိမ်း စစ်ကောင်စီအလိုကျ စာမေးပွဲ ကျင်းပဖို့ ဦးတည်နေတဲ့ လုပ်ရပ်ကိုလည်း အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်လိုက်တာပါ။

မော်လမြိုင်တက္ကသိုလ်မှာ  ဇွန်လ ၁၉ ရက်နေ့ တရက်တည်း ကျောင်းသား ကျောင်းသူ ၁၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံထားရပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာတော့ ဇွန်လ ၂၀ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးထိ ရှိလာခဲ့တာပါ။

5 months Ago

April 12, 2021

CDM မလုပ်သည့် ဆရာ၊ ဆရာမများကို ထုတ်ပယ်ပြီး ဆရာများသမဂ္ဂ အသစ်ပြန်ဖွဲ့

အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မပါဝင်တဲ့  ဆရာ၊ ဆရာမတွေကို ထုတ်ပယ်ပြီး မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပါတယ်။

အရင် ဆရာများသမဂ္ဂအဖွဲ့အချို့ဟာ CDM မလုပ်ဘဲ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက်နေတဲ့အတွက်ကြောင့်  မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂ ဖျက်သိမ်းလိုက်ပြီးလို့ ဧပြီ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာတော့ မော်လမြိုင်တက္ကသိုလ် ဆရာများသမဂ္ဂကို ယာယီအလုပ်မှုဆောင် ၁‌၀ ဦးနဲ့ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တာပါ။

တဖက်မှာတော့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဟာ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေကို တိုင်းပြည်သစ္စာဖောက်အဖြစ် ထုတ်ပြန်ကြေညာနေပါတယ်။

8 months Ago
Up