ဆရာမနှစ်ဦး

January 20, 2020

ဆရာမနှစ်ဦး အသတ်ခံရမှု ၅ နှစ်ပြည့် ဆုတောင်းပွဲပြုလုပ်၊ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆို

စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စဉ် အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ဆရာမနှစ်ဦး ၅ နှစ်ပြည့် အောက်မေ့သတိရ ဆုတောင်းပွဲကို မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာရှိ ‌ဂျော်ဘွမ်ဆုတောင်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြပါတယ်။ အခမ်းအနားကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး ကချင်တိုင်းရင်းသားတွေ၊ ကျန်ရစ်သူ မိသားစုတွေ အပါအဝင် တက်ရောက်လာသူ ၃ ထောင်ကျော်ရှိတယ်လို့ သိရပါတယ်။ တက်ရောက်လာသူတွေက စေတနာ့ဝန်ထမ်း ဆရာမတွေဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် မခေါင်နန်စင်နဲ့ မရန်လုရာတို့ဟာ KBC(ကချင်)က ပညာသာသနာ လုပ်အားပေး အစီအစဉ်မှာ ပါဝင်ခဲ့သူတွေ ဖြစ်ကြပါတဘ်။  သူတို့နှစ်ဦးဟာ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့၊ ကောင်းခါးကျေးရွာမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ညက အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။ အမှု ၅ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အချိန်အထိ အမှုမှန်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးတာကြောင့် အခမ်းအနား တက်ရောက်လာသူတွေက အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုခဲ့ကြပါတယ်။
Photo - Yan Aung Htun / MPA
2 years Ago
Up