ဆရာနှင့်ကျောင်းသား

October 2, 2020

ဘရာဇီးတွင် ဆရာနှင့်ကျောင်းသား ၇ သိန်းကျော်ကို ကိုဗစ်ရှိ၊ မရှိ စတင်စစ်ဆေး

ဘရာဇီးနိုင်ငံ ဆော်ပေါလိုမြို့မှာ ကျောင်းမဖွင့်ခင် ဆရာနဲ့ကျောင်းသား အယောက် ၇ သိန်း ၇ သောင်းကို ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ  အောက်တိုဘာ ၁ ရက်က စတင် စစ်ဆေးပေးနေပါတယ်။ ဒီလိုစစ်ဆေးတဲ့ ရည်ရွယ်ချက်ဟာ ကျောင်းသားတချို့ ကျောင်းစာပြင်ပ လှုပ်ရှားမှုတွေ မလုပ်ခင် ဘေးကင်းတဲ့ ပညာသင်ကြားရေး ပတ်ဝန်းကျင် ရစေဖို့ ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။  ဒီလိုအများအပြား စစ်ဆေးတာကို ကျောင်းတွေမှာ အဆင့်လိုက် လုပ်သွားမှာလည်း ဖြစ်ပါတယ်။  ဆော်ပေါလိုမြို့က ကျောင်းတွေကို မတ် ၂၃ ရက်က စလို့ ပိတ်ထားပြီး ကျောင်းတွေကို ဘေးကင်းကင်းနဲ့ ဖွင့်နိုင်ဖို့  အာဏာပိုင်တွေက နည်းလမ်းတွေ ရှာနေပါတယ်။  အောက်တိုဘာ ၁ ရက်အထိ ဘရာဇီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၄ ဒသမ ၈ သန်းကျော်နဲ့ သေဆုံးသူက ၁၄၄,၀၀၀ ကျော် ရှိပါတယ်။ 
7 months Ago
Up